မြန်မာစာ မြန်မာစကား ပရိသတ်တွေအားလုံးမင်္ဂလာပါရှင်။
ဒီတစ်ပတ် ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့ အကြောင်းအရာက “ထုတ် နဲ့ ထုပ်” ကို ဘယ်လိုစကားလုံးတွေရေးတဲ့ အခါမှာ သုံးလည်းဆိုတာပဲဖြစ်ပါတယ်။
အပြင်ကို ထုတ်တဲ့အခါ “တ်” ထုတ် ရေးရပြီး အတွင်းကို ထုပ်တဲ့အခါ “ပ်” နဲ့ ထုတ်ရေးရပါတယ်။
“ထုတ်”
ဥပမာ- ထုတ်နှုတ်၊ ထုတ်ပြန်၊ ထုတ်ပယ်၊ ထုတ်ဖော်၊ ထုတ်လုပ်၊ ခွဲထုတ်၊ ပွဲထုတ်၊ ထုတ်ဝေ၊ အားထုတ်၊ ထုတ်ချင်းပေါက်။
“ထုပ်”
ဥပမာ- ဂေါ်ဖီထုပ်၊ ကောက်ညှင်းထုပ်၊ ဇာတ်ထုပ်၊ ထုပ်ဆီးတိုး၊ ထုပ်ပိုး၊ ဦးထုပ်။
Team (ရိုးရာလေး)