ငှက်ပျောသီးစားခြင်းနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်များ

22-5-2020-yyl-060.jpg

ငှက်ပျောသီးက အာဟာရဓာတ်များစွာပါဝင်ပြီး တစ်နေ့တာစားသုံးသင့်တဲ့အစားအစာဆိုတာ လူတိုင်းသိပြီးသားဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ ငှက်ပျောသီးကို စားဖို့အတွက် အကောင်းဆုံးအချိန်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ အခြားအသီးတွေနဲ့မတူတာက ငှက်ပျောသီးက စားသုံးရတာလွယ်ကူသလို လူတိုင်းနီးပါးကြိုက်နှစ်သက်တဲ့အသီးဖြစ်ပါတယ်။ အသီးတွေကို သူ့အချိန်နဲ့သူစားပေးသင့်ပါတယ်။ ငှက်ပျောသီးကရော၊ ငှက်ပျောသီးကို စားသုံးဖို့အချိန်ကောင်းရှိတယ်လား။ အဲဒါကိုသိချင်ရင်တော့ အောက်မှာ ဆက်ဖတ်လိုက်ကြပါနော်။

ငှက်ပျောသီးစားဖို့အတွက် အကောင်းဆုံးအချိန်

ငှက်ပျောသီးစားဖို့ အကောင်းဆုံးအချိန်က တစ်စုံတစ်ယောက်ရဲ့အာဟာရလိုအပ်ချက်၊ ကြိုက်နှစ်သက်မှုပေါ်မူတည်ပါတယ်။ ငှက်ပျောသီးမှည့်လာတာနဲ့ အရသာ၊ အာဟာရတန်ဖိုးတွေက ပြောင်းလဲသွားပါတယ်။ မှည့်ခါစငှက်ပျောသီးက အရမ်းမှည့်တဲ့ငှက်ပျောသီးတွေထက် အချိုပေါ့ပါတယ်။ ငှက်ပျောသီးက ကစီဓာတ်ပြည့်ဝစွာမရရှိသေးတဲ့အတွက်ကြောင့်ပါ။ အရမ်းမှည့်သွားတဲအခါ ကစီဓာတ်ရလာပြီး ငှက်ပျောသီးကို ချိုတဲ့အရသာဖြစ်သွားစေပါတယ်။

မှည့်ခါစငှက်ပျောသီးကိုစားတာက အဲဒီမှာပါဝင်တဲ့ကစီဓာတ်အကျိုးကျေးဇူးတွေကို ပေးစွမ်းပါတယ်။ အဲဒီလိုပဲ အခွံမှာ အနက်ကွက်တွေပါတဲ့ အရမ်းမှည့်တဲ့ငှက်ပျောသီးကလည်း အစာခြေဖျက်ရတာ ပိုလွယ်ကူစေပြီး Workout မလုပ်ခင်နဲ့ လုပ်ပြီးတဲ့နောက် လိုအပ်တဲ့စွမ်းအင်မြှင့်တင်ပေးဖို့ ကူညီပေးပါတယ်။

ငှက်ပျောသီးက ကောင်းကောင်းအိပ်စက်နိုင်အောင် ကူညီပေးတယ်

ငှက်ပျောသီးက ခန္ဓာကိုယ်က ထုတ်လုပ်မပေးနိုင်တဲ့ မရှိမဖြစ်အမီနိုအက်ဆစ်ဓာတ် Tryptophan ပါဝင်ပါတယ်။ Tryptophan က ကောင်းကောင်းအိပ်စက်နိုင်ဖို့ သင့်ခန္ဓာကိုယ်ကို serotonin ဓာတ်ထုတ်အောင် ကူညီပေးပါတယ်။ Serotonin က စိုးရိမ်ပူပန်ခြင်း၊ အိပ်ရေးပျက်ခြင်းတွေကို ကုသပေးတဲ့ ဦးနှောက်ဓာတုဓာတ်ဖြစ်ပါတယ်။ ငှက်ပျောသီးစားသုံးတာက အိပ်စက်ချိန်စက်ဝိုင်းကို ထိန်းချုပ်ပေးတဲ့ မာလတိုနင်ဟော်မုန်းဓာတ်ကို တိုးလာစေပါတယ်။ ဒါပေမဲ့ ချောင်းဆိုးတဲ့သူတွေက ညဘက်မှာ ငှက်ပျောသီးမစားသင့်ဘူးလို့ လေ့လာချက်က ဆိုပါတယ်။

ငှက်ပျောသီးကို ဗိုက်ထဲအစာမရှိဘဲ မစားပါနဲ့

ငှက်ပျောသီးက ပိုတတ်စီယမ်၊ အမျှင်ဓာတ်နဲ့ မဂ္ဂနီစီယမ်ဓာတ်တွေပါဝင်ပေမဲ့ ဗိုက်ထဲအစားမရှိဘဲမစားသင့်တဲ့ အကြောင်းအရင်းတွေရှိပါတယ်။ သင့်ကို အရန်သင့်စွမ်းအင်တွေပေးစွမ်းတဲ့ သကြားပမာဏများတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါကလည်း သင့်ကို နာရီအနည်းငယ်အကြာမှာ အားအင်ကုန်ခန်းသွားသလို ခံစားရစေနိုင်ပါတယ်။ ငှက်ပျောသီးက အက်ဆစ်သဘာဝရှိတဲ့အတွက် အစာမရှိဘဲစားရင် ဝမ်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။

မနက်ခင်းပိုင်း ငှက်ပျောသီးစားဖို့အတွက် အကောင်းဆုံးနည်းလမ်း

အခုခေတ်မှာ အော်ဂဲနစ်အသီးတွေ ရှာတွေ့ဖို့ခက်ခဲပါတယ်။ ကျွန်တော်တို့ဝယ်လိုက်တဲ့အရာက သဘာဝအလျောက်ကြီးထွားတဲ့အသီးဖြစ်ချင်မှဖြစ်မှာပါ။ မနက်ခင်းပိုင်းမှာ အစာမရှိသေးဘဲ ငှက်ပျောသီးကို မစားပါနဲ့။ ဒီအသီးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက အရမ်းအန္တရာယ်များပါတယ်။ ဒါကြောင့် မနက်ခင်းမှာ ငှက်ပျောသီးစားဖို့အတွက် အကောင်းဆုံးနည်းလမ်းက အခြားအစားအစာတွေနဲ့ တွဲစားတာပါပဲ။ ဒါက အခြားအာဟာရဓာတ်တွေအားလုံးနဲ့ အသီးရဲ့အန္တရာယ်ဖြစ်စေတဲ့ဆိုးကျိုးကို လျော့ကျသွားအောင်ကူညီပေးမှာဖြစ်ပါတယ်။

Ref: The right time to eat bananas depends on its ripeness. Here what you should know about eating them

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top