၀မ်းတစ်လုံးကောင်း ခေါင်းမခဲဘူး

wan1lone.jpg

အစာအိမ်က အစာကောင်းစွာ ချေဖျက်နိုင်ခြင်းမရှိတဲ့အခါ ရောဂါဘယ အမျိုးမျိုး အထွေထွေ ဖြစ်ပွားတတ်ပါတယ်။ အစာအိမ် ဝမ်းတစ်ခုက ကောင်းမွန်နေမယ်ဆိုရင် အခြားမည်သည့်ရောဂါကို မဆိုထားဘိ၊ ခေါင်းပင်လျှင် မကိုက်ခဲနိုင်ဘူးလို့ ဆိုလိုတာပဲဖြစ်ပါတယ်။ အချက်အချာကျတဲ့ နေရာတွေက ကောင်းမွန်နေလျှင် အခြားသူနဲ့ဆက်စပ်တဲ့ အစွယ်အပွားနေရာတွေကလည်း ကောင်းမွန်နိုင်တယ်လို့ ဖော်ပြရမှာ “ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဘူး” ဟု ဆိုကာ သုံးနှုန်းပြောဆိုတဲ့ စကားပဲဖြစ်ပါတယ်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top