ဟာဘင်နိုင်ငံတကာရေခဲ ပွဲတော်

1.jpg

ရေခဲနဲ့ နှင်းတွေကို အသုံးပြုပြီး ကြီးမားလှပတဲ့ ရုပ်တုတွေ၊ ပုံစံတူ အဆောက်အဦတွေကို ပုံဖော်ဖန်တီးတဲ့ ဟာဘင်နိုင်ငံတကာ နှင်းရေခဲပွဲတော်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က တရုတ်နိုင်ငံမှာ စတင်ကျင်းပခဲ့ပါတယ်။

နှစ်စဉ်ကျင်းပတဲ့ ဟာဘင်နိုင်ငံတကာ နှင်းရေခဲပွဲတော်ကို အခုနှစ်မှာ ၃၂ ကြိမ်မြောက်အဖြစ် ကျင်းပတာဖြစ်ပါတယ်။ ဖွင့်ပွဲနေ့မှာ ပေ ၁၅၀ ကျော်မြင့်မားတဲ့ မိုးမျှော်အဆောက်အဦပုံတူတွေ၊ ရုပ်တုတွေကို ပြသခဲ့ပြီး အမျိုးအစားအလိုက် ဗိသုကာလက်ရာတွေ ဖန်တီးခဲ့တယ်လို့ သိရပါတယ်။ နှင်းရေခဲပွဲတော်ရဲ့ အဓိက ဆွဲဆောင်မှုကတော့ စတုရန်းမီတာ ၇၅၀၀၀ ကျော် ကျယ်ဝန်းတဲ့ ဟာဘင်နှင်းရေခဲကမ္ဘာ အဆောက်အဦဖြစ်ပါတယ်။

အခုနှစ် ဟာဘင်နိုင်ငံတကာ နှင်းရေခဲပွဲတော်မှာ ဗိသုကာလက်ရာတွေ ဖန်တီးနိုင်ဖို့အတွက် နှင်းကုဗပေ ၁၁ ဒသမ ၇ သန်းအထိ အသုံးပြုခဲ့ရပြီး ဒီပမာဏဟာ ပွဲတော်သမိုင်းတစ်လျှောက် စံချိန်တင်ပမာဏဖြစ်ပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်းက ဟာဘင်မြို့ဟာ ဇန်နဝါရီလမှာ နေ့အပူချိန် (-၁၃)ဒီဂရီ ဆဲလ်စီးယက်စ်ကနေ (-၂၃)ဒီဂရီ ဆဲလ်စီးယက်စ်ကြား ရှိတယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။ ဟာဘင်နိုင်ငံတကာ ပွဲတော်ကို ၁၉၈၅ ခုနှစ်ကနေ စတင်ကျင်းပခဲ့တာဖြစ်ပြီး ဂျပန်နိုင်ငံက Sapporo နှင်းပွဲတော်၊ ကနေဒါနိုင်ငံက Quebec ဆောင်းရာသီပွဲတော်၊ နော်ဝေနိုင်ငံက Holmenkollen နှင်းလျှောစီးပွဲတွေနဲ့ တစ်တန်းတည်း သတ်မှတ်ခံထားရတဲ့ ပွဲတော်ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top