မိန်းကလေးတွေ မကြိုက်တဲ့ ယောက်ျားလေး တချို့ရဲ့ အမူအကျင့်တွေ

wo1-e1554263192702.jpg

မိန်းကလေးတွေ ယောကျာ်လေးတွေနဲ့ ပတ်သက်ပြီး ဘာတွေကို မုန်းလဲ။ ယောကျာ်းလေးတွေရဲ့ ဘယ်လိုမျိုး အမူအကျင့်တွေက သူတို့ကို စိတ်ပျက်စေတာလဲ။ အဲဒီလိုမျိုးမေးခွန်းတွေနဲ့ပတ်သက်ပြီး ရိုးရာလေးပရိသတ်တွေ သိရအောင်လို့ မိန်းကလေးတွေ မကြိုက်တဲ့ ယောကျာ်းလေးတချို့ရဲ့အမူအကျင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ခပ်ကြွားကြွားနေတတ်တဲ့ သူမျိုး

မိန်းကလေးတွေ ရှေ့ရောက်ရင် သူ့ကို အထင်ကြီးအောင် သူဝတ်ထားတဲ့ အဆင်တန်ဆာတွေကို မမြင်မြင်အောင် ပြပြီး ခပ်ကြွားကြွားနိုင်တဲ့ ယောက်ျားမျိုးတွေကို အမျိုးသမီး အများစုက မကြိုက်နှစ်သက်ကြပါဘူး။

၂။ လိမ်ညာတတ်တဲ့ သူမျိုး

မိန်းကလေးတွေများ အထင်ကြီးလာ မလားဆိုပြီး မဟုတ်တာကို အဟုတ်ဖြစ်အောင် ပြော၊ မရှိတာကို အရှိလုပ်ပြီး လိမ်ညာတတ်တဲ့ ယောက်ျားလေးများကိုလည်း အမျိုးသမီး အများစုက ဝေးဝေးက ရှောင်ကြပါတယ်။

၃။ စိတ်ကြီး ဒေါသကြီးလွန်းတဲ့ သူမျိုး

တစ်စုံတစ်ခု ပြဿနာ ဖြစ်ရင် နည်းနည်းလေးမှကို နားလည်မူ မရှိဘဲ စိတ်ကြီး ဒေါသကြီးလွန်းတဲ့ အမျိုးသားများကိုတော့ အမျိုးသမီးတွေကို မကြိုက်နှစ်သက်ကြပါဘူး။ ထိုသူများကို အပေါင်းအသင်းထဲမှာ ရှိရင်အောင် သိပ်ပြီး အဖက်မလုပ်တတ် ကြတော့ပါဘူး။

၄။ တန်ဖိုးမထား မချစ်တတ်တဲ့ သူမျိုး

မိန်းကလေးတွေကို အပျော်တွဲ တန်ဖိုးမထား မချစ်တတ်တဲ့ ယောက်ျားမျိုးတွေကို အမျိုးသမီးတွေက မကြိုက်နှစ်သက်ကြပါဘူး။ သူငယ်ချင်း မိတ်ဆွေ ဖြစ်နေမယ်ဆိုရင်တောင် သိပ်ပြီး အပေါင်း အဖက် မလုပ်ဘဲ ရှောင်ကြဉ်ကြပါလိမ့်မယ်။

၅။ စိတ်ကောက်တတ်တဲ့ သူမျိုး

ယောက်ျားကြီး ပေမယ့် ကနွဲ့ကလျ စိတ်ကောက်တတ်တဲ့ သူမျိုးတွေလည်း အများကြီး ရှိပါတယ်။ ထိုသူမျိုးကို အမျိုးသမီးတွေက ယောက်ျား မပီသဘူးဟု ထင်ကာ မကြိုက်နှစ်သက်ကြပါဘူး။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top