တရုတ်သူလျှိုတွေက ဂျိုးဘိုင်ဒင်ရဲ့ အစိုးရသစ်ကို လွှမ်းမိုးနိုင်ဖို့ အရှိန်မြှင့်ကြိုးပမ်းနေတယ်လို့ ဆို

3-11-2020-yyl-017.jpg

သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့ပြီဆိုတဲ့ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ရဲ့ အစိုးရသစ်ကို လွှမ်းမိုးနိုင်ဖို့ တရုတ်သူလျှိုတွေက အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးဌာနရဲ့ အရာရှိတစ်ယောက်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ ဂျိုးဘိုင်ဒင်ရဲ့အစိုးရအဖွဲ့သစ်နဲ့ နီးစပ်သူတွေကိုပါ ပစ်မှတ်ထားနေပြီး လွှမ်းမိုးရေးလှုပ်ရှားမှုကို အကြီးအကျယ် လုပ်ဆောင်နေတာလို့ ဝီလျံအီဗာနီနာက ဆိုပါတယ်။ ဝီလျံအီဗာနီနာဟာ အမေရိကန်အမျိုးသားလုံခြုံရေးဆိုင်ရာညွှန်ကြားရေးမှူးရုံးရဲ့ တန်ပြန်ထောက်လှမ်းရေးဌာန အကြီးအကဲပါ။ အမေရိကန်နိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဖော်စပ်ရေး ကြိုးပမ်းမှုနဲ့ အမေရိကန်ရွေးကောက်ပွဲတွေမှာ တရုတ်နိုင်ငံက ကြားဝင်စွက်ဖက်ဖို့လည်း ကြိုးစားခဲ့တယ်လို့ အီဗာနီနာက ပြောပါတယ်။

ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က Aspen Institute ဉာဏ်ကြီးရှင်အဖွဲ့ရဲ့ အွန်လိုင်းဆွေးနွေးပွဲမှာ အီဗာနီနာက အခုလို ပြောခဲ့တာပါ။ အဲဒီဆွေးနွေးပွဲမှာ တရားရေးဝန်ကြီးဌာနရဲ့ အမျိုးသားလုံခြုံရေးဌာနခွဲ အကြီးအကဲ ဂျွန်ဒီမားစ်ကလည်း တရုတ်သူလျှိုလို့ သံသယရှိသူ ၁၀၀၀ လောက် အမေရိကန်နိုင်ငံထဲကနေ ထွက်ပြေးတိမ်းရှောင်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (PLA)နဲ့ လျှို့ဝှက်ဆက်နွှယ်နေတဲ့ တရုတ်သုတေသီ ၅ ယောက်၊ ၆ ယောက်ကို ဖမ်းဆီးရမိပြီးတဲ့နောက် ပြီးခဲ့တဲ့နွေရာသီမှာ အမေရိကန်နိုင်ငံက တရုတ်သုတေသီတွေရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းစစ်ဆေးခဲ့ပြီး တရုတ်သုတေသီ ရာပေါင်းများစွာက (PLA)နဲ့ ဆက်နွှယ်နေတာကို FBI က ခွဲခြားဖော်ထုတ်နိုင်ခဲ့တယ်လို့ ဂျွန်ဒီမားစ်က ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလမှာ အမေရိကန်နိုင်ငံက တရုတ်ကျောင်းသား၊ ကျောင်းသူတွေနဲ့ သုတေသီ ၁၀၀၀ ကို အမေရိကန်ဗီဇာ ရုပ်သိမ်းခဲ့ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ စစ်ရေးလွှမ်းမိုးလိုတဲ့ ရည်မှန်းချက် သယ်ဆောင်လာခြင်းမရှိတဲ့ တရုတ်ကျောင်းသား၊ ကျောင်းသူတွေကိုပဲ အမေရိကန်ပြည်ဝင်ခွင့်ပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

Ref: BBC ” Chinese step up attempts to ‘influence’ Biden team – US official”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top