The Annie Awards ပွဲမှာ ဆု ၁၀ ဆု သိမ်းပိုက်သွားခဲ့တဲ့ ‘K-Pop Demon Hunters’

demon.jpg

Netflix ရဲ့ အန်နီးမေးရှင်းရုပ်ရှင် ‘K-Pop Demon Hunters’ဟာ the Annie Awards ဆုပေးပွဲမှာ အဓိကဆုအမျိုးအစားတွေအပါအဝင် စုစုပေါင်း ဆု ၁၀ ဆု ရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်နေ့က လော့စ်အိန်ဂျယ်လိစ်မြို့မှာ The International Animated Film Association က ၅၃ ကြိမ်မြောက် the Annie Awards ပွဲကို ကြီးမှူးကျင်းပခဲ့တာပါ။

‘K-Pop Demon Hunters’ က Visual Effects, Character Design, Music, Production Design, Voice Acting ဆုတွေနဲ့အတူ အကောင်းဆုံးဇာတ်ကားဆုအပါအဝင် အကောင်းဆုံးဆုတွေကို ရရှိခဲ့တာပါ။

The Annie Awards က “အန်နီးမေးရှင်းလောကရဲ့ အော်စကာ”လို့ မကြာခဏရည်ညွှန်းလေ့ရှိတဲ့အတွက် ဆုများစွာရရှိခဲ့တဲ့ ဒီရုပ်ရှင်ကားက နောက်လမှာ ကျင်းပမယ့် အကယ်ဒမီဆုပေးပွဲ(အော်စကာဆုပေးပွဲ) အတွက် မျှော်လင့်ချက်ရောင်ခြည်တွေသမ်းနေပါတယ်။ The Annie Awards မှာ အကောင်းဆုံးဇာတ်ကားဆုရရှိခဲ့တဲ့ ၂၃ ကားမှာ ၁၄ ကားက အော်စကာဆုရရှိမှာပါ။

ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ထွက်ရှိလာကတည်းက ‘K-Pop Demon Hunters’ ဟာ ကမ္ဘာတစ်ဝှမ်းမှာ အောင်မြင်မှုရရှိနေခဲ့တာပါ။ အခုအချိန်အထိ Netflix ရဲ့လူကြီးအများဆုံးမူရင်းအန်နီးမေးရှင်းရုပ်ရှင်ကားဖြစ်နေပါတယ်။ ဆုပေးပွဲရာသီတစ်လျှောက်မှာလည်း အောင်မြင်မှုတွေဆက်လက်ရရှိလို့နေပါတယ်။

၉၈ ကြိမ်မြောက်အော်စကာဆုပေးပွဲက မတ်လ ၁၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ‘K-Pop Demon Hunters’က ဆုအမျိုးအစား ၂ ခုမှာ ဆန်ကာတင်စာရင်းဝင်ထားပါတယ်။

Ref: Netflix’s ‘K-Pop Demon Hunters’ sweeps Annie Awards with 10 wins

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top