ပါကစ္စတန်ကလေးငယ်တစ်ဦး ကျားလိင်အင်္ဂါ ၂ ခုနဲ့ စအိုမပါဘဲ မွေးဖွားလာ

28.4.2023-yyl-iamge-16.jpg

ပါကစ္စတန်ကလေးငယ်တစ်ဦးဟာ လိင်အင်္ဂါ ၂ ခုနဲ့ မွေးဖွားလာခဲ့ပြီး မွေးရာပါ စအို ပါလာခဲ့ခြင်း မရှိပါဘူး။ diphallia လို့ အမည်ရတဲ့ ဒီအခြေအနေဟာ ကလေးငယ် ၆ သန်းမှာ ၁ ဦးသာ ကြုံတွေ့နိုင်တာမျိုး ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ကျားလိင်အင်္ဂါ ၂ ခုနဲ့ မွေးဖွားလာတာမျိုးဆိုရင် ဆရာဝန်တွေက လိင်အင်္ဂါ ၁ ခုကို ခွဲစိတ်ဖယ်ရှားပေးလေ့ရှိပေမဲ့ ဒီကလေးငယ်ကတော့ လိင်အင်္ဂါ ၂ ခုလုံး အလုပ်လုပ်တဲ့အတွက် ဆရာဝန်တွေက ခွဲစိတ်ဖယ်ရှားမှု မလုပ်ခဲ့ပါဘူး။ ကလေးငယ် အစာဟောင်း စွန့်နိုင်စေဖို့အတွက် သူ့ကို စအို ဖောက်ပေးခဲ့ရပါတယ်။

ကလေးငယ် မွေးမွေးချင်းမှာပဲ ကြုံတောင့်ကြုံခဲ အခြေအနေမျိုးကို တွေ့ရှိခဲ့တာကြောင့် မိဘတွေက ကလေးငယ်ကို ပါကစ္စတန်ဆေးပညာသိပ္ပံရဲ့ ကလေးဆေးရုံ အရေးပေါ်ဌာနထံ ပို့ဆောင်ခဲ့ကြတာပါ။
ဒီလိုအခြေအနေမျိုးနဲ့ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ မွေးကင်းစအရွယ်မှာပဲ သေဆုံးသွားလေ့ရှိပေမဲ့ ပါကစ္စတန်ကလေးငယ်ကိုတော့ ဆရာဝန်တွေက အောင်မြင်စွာ အသက်ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ လူ့သမိုင်းမှာ ဒီလိုအခြေအနေမျိုးနဲ့ မွေးဖွားလာသူ ၁၀၀ ပဲ ရှိခဲ့ပါတယ်။

Ref: Baby boy born with TWO working penises and no anus in extremely rare phenomenon

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top