ဆယ်ကျော်သက်ကောင်လေးကို မဖမ်းလိုက်ရဘဲ မုန့်ပါဝယ်ကျွေးလိုက်ရတဲ့ ထိုင်းရဲသားတစ်ဦးရဲ့အဖြစ်

yyl-008-10.jpg

ထိုင်းနိုင်ငံရဲ့ လမ်းတစ်နေရာမှာ ငိုနေတဲ့ ကောင်လေးရဲ့ဗီဒီယိုက ဖေ့စ်ဘွတ်ခ်မှာ လူပြောများလို့နေပြီး ဖေ့စ်ဘွတ်ခ်အသုံးပြုသူတွေကို စိတ်ကြည်နူးစေခဲ့တဲ့ ဗီဒီယိုလို့လည်း ပြောလို့ရပါတယ်။
ဒါကြောင့် ဒီဗီဒီယိုနဲ့ ပတ်သက်ပြီး ထိုင်းသတင်းဌာနတစ်ခုက အဲဒီကောင်လေးရဲ့ ဗီဒီယိုကိုတင်ခဲ့တဲ့ ရဲသားတစ်ဦးကို သူ့ရဲ့ဖေ့စ်ဘွတ်ခ်ပို့စ်ကနေတဆင့် ဆက်သွယ်မေးမြန်းခဲ့ ကြပါတယ်။

အဲဒီကောင်လေး ငိုရတဲ့အကြောင်းအရင်းက ဒီလိုပါ။ ကောင်လေးက ဆယ်ကျော်သက်အရွယ်ပဲ ရှိပါသေးတယ်။ သူက ဆိုင်ကယ်ကို သတ်မှတ်ထားတဲ့ အရှိန်ထက်များပြီး မောင်းတဲ့အတွက် ရဲက လိုက်ဖမ်းခဲ့ပါတယ်။ အဲဒီကောင်လေးကို ရဲက ဖမ်းမယ်လို့ ဆုံးဖြတ်ခဲ့ပေမဲ့ ကောင်လေးက ငိုနေခဲ့တဲ့အခါမှာ ဘာပြဿနာဖြစ်လို့လဲလို့ ကောင်လေးကို မေးကြည့်ခဲ့ရပါတယ်။

အဲဒီနောက်မှာ ကောင်လေးက ရဲကိုဖွင့်ဟခဲ့ ပါတော့တယ်။ တကယ်တော့ အဲဒီနေ့က ကောင်လေးရဲ့မွေးနေ့ဖြစ်ပြီး သူ့မိသားစုက သူ့မွေးနေ့နဲ့ပတ်သက်ပြီး ဂရုစိုက်ပုံမရခဲ့ပါဘူး။ သူ့ကို မိသားစုကလျစ်လျူရှုတယ်လို့ ခံစားခဲ့ရပြီး ဒေါသထွက်ထွက်နဲ့ သူ့အစ်ကိုရဲ့တိုက်ခန်းက ထွက်လာပြီးတဲ့နောက်မှာ ရဲသားကြီးနဲ့တွေ့ခဲ့ရတာပါ။

ရဲသားကြီးက ကောင်လေး ငိုရတဲ့အကြောင်းအရင်းကို သိသွားခဲ့ပြီး အိမ်မပြန်ခင် စိတ်တည်တည်ငြိမ်ငြိမ်ထားဖို့ ပြောခဲ့ပြီး ကောင်လေးရဲ့မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ စတိုးဆိုင်ကနေ ကိတ်မုန့်ပါဝယ်ကျွေးခဲ့ပါတယ်။ အဲဒီရဲသားကြီးက ကိတ်မှာ ဖယောင်းတိုင်ထွန်းဖို့တောင် အမှတ်ရခဲ့ပါသေးတယ်။ ရဲက မွေးနေ့ပွဲ ကျင်းပပေးပြီးတဲ့နောက်မှာ သူ့ကို မဖမ်းတော့ဘဲ နောက်ကျရင် သတ်မှတ်ထားတဲ့ အရှိန်ထက်မမောင်းဖို့ သတိပေးပြီး ကောင်လေးကို ပြန်လွှတ်ခဲ့တယ်လို့ ထိုင်းသတင်းဌာန အရသိရပါတယ်။

ဗီဒီယိုကြည့်ရန်

Ref: Thai teen caught speeding after family forgets birthday. Police buys him cake instead of arresting him

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top