မင်းသမီး Baifern နဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ ကောလဟာလတွေကို ဖြေရှင်းလာခဲ့တဲ့ မင်းသား Nine Naphat

27.6.2024-yyl-3.jpg

မြန်မာပရိသတ်တွေ ချစ်ခင်နှစ်သက်ကြတဲ့ ထိုင်းစုံတွဲ မင်းသား Nine Naphat နဲ့ မင်းသမီးချော Baifern Pimchanok တို့ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မင်းသား Nine Naphat က သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ ရှင်းလင်းပြောကြားလာခဲ့ပါပြီ။

“လူမှုကွန်ယက်ပေါ်မှာ လူတွေ မမှန်မကန်ထင်ကြေးပေးနေတာတွေ၊ ဒီအကြောင်း ပိုပြီးပြောမလာခင် နည်းနည်းရှင်းပြဖို့အတွက် ဒီပလက်ဖောင်းကို ကျွန်တော့်ကို အသုံးပြုခွင့်ပေးပါ။ ဒီအကြောင်းပြီးသွားတော့ ကျွန်တော့်ကိုယ်တိုင်နဲ့ ကျွန်တော့်အမေအပေါ် များစွာသက်ရောက်မှုဖြစ်စေပါတယ်။ ပြဿနာကို ကျေနပ်ဖွယ်အကောင်းဆုံးရှင်းပြချက်တွေနဲ့ ဖြေရှင်းဖို့ အချိန်အနည်းငယ်ပေးပါ။ အားပေးစကားတွေအတွက် အားလုံးကို ကျေးဇူးတင်ချင်ပါတယ်”လို့ Nine Naphat က ရေးသားခဲ့တာပါ။

အဲ့ဒီမတိုင်ခင်က Baifern က “Broken ဖြစ်သွားပြီ အခုလိုဖြစ်သွားတာပါပဲ”ဆိုတဲ့စာသားကို အနက်ရောင်အသည်းပုံအီမီုဂျီနဲ့အတူ Gym က ပုံတစ်ပုံကို တင်ခဲ့စဉ်က သူတို့ ၂ ဦး လမ်းခွဲတယ်ဆိုတဲ့ သတင်းက ပိုပြီးပျံ့နှံ့သွားခဲ့တာပါ။

အဲ့ဒီနောက် Baifern က ပွဲတစ်ပွဲကို တက်ရောက်ခဲ့ပြီးတော့ အချစ်ရေးအကြောင်း မေးမြန်းခဲ့ကြပါတယ်။ ဒါပေမဲ့ Baifern က ဖြေဖို့ ငြင်းဆန်ခဲ့ပြီး နောက်ထပ်ပွဲကျမှ အသေးစိတ်ဖြေကြားပေးပါမယ်လို့ ပြောကြားခဲ့တာပါ။

Nine Naphat နဲ့ Baifern တို့က ပြီးခဲ့တဲ့လကမှ နိုင်ငံခြားကို အတူတူခရီးထွက်ခဲ့ကြပြီး ပျော်ရွှင်နေတဲ့ဓာတ်ပုံတွေကိုတောင် မျှဝေခဲ့ပါသေးတယ်။

Ref: Nine Naphat clarifies the breakup rumor with Baifern Pimchanok, confirming one thing

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top