ဥရောပကိုတင်ပို့မယ့် တန်နဲ့ချီတဲ့ကိုကင်းတွေကို အမေရိကန်ဆိပ်ကမ်းမှာဖမ်းမိ

64644328_472579150165497_2824220960268222464_n.jpg

အမေရိကန်နိုင်ငံ၊ ပန်ဆဲလ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲဖီးယားမြို့မှာ ဆိုက်ကပ်ထားတဲ့ MSC Gayane ကုန်တင်သင်္ဘောပေါ်မှာ ဥရောပဘက်ကိုတင်ပို့မယ့် ကိုကင်း (၁၆.၅) တန် ဖမ်းဆီရမိခဲ့တယ်လို့ အက်ဖ်ဘီအိုင်က ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အတည်ပြုသွားခဲ့ပါတယ်။

ကိုလံဘီယာကနေတင်ပို့တာဖြစ်ပြီး ဒေါ်လာ တစ်ဘီလျံထက်မနည်းတန်ဖိုးရှိတဲ့ ကိုကင်းတွေကို သင်္ဘောပေါ်က ကွန်တိန်နာသေတ္တာ (၇) လုံးအတွင်းမှာ ရှာဖွေစီးနင်းဖမ်းမိခဲ့တာဖြစ်ကာ ကိုကင်း (၁၆.၅) တန်ချိန်ဆိုတဲ့ပမာဏဟာ အမေရိကန်နိုင်ငံရဲ့သမိုင်းမှာ အကြီးမားဆုံး မူးယစ်ဆေးဝါးတန်နဲ့ချီဖမ်းဆီးရမိမှုတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

 

“ဒီလောက်များပြားတဲ့ ကိုကင်းပမာဏဟာ လူသန်းချီကို သေကြေ၊ ဘဝပျက်သွားစေနိုင်ပါတယ်။ အခု ကုန်တင်သင်္ဘောပေါ်က သင်္ဘောသားတွေနဲ့ ဝန်ထမ်းတွေအားလုံးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စွဲချက်တင်ထားသလို စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်” လို့ တာဝန်ရှိသူတစ်ဦးက ပြောပြသွားခဲ့ပါတယ်။

Ref: Dailymail “Feds seize 16.5 tons of cocaine worth more than $1BILLION from cargo ship in Philadelphia bound for Europe”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top