ဂျပန်အစားအသောက်ကုမ္ပဏီရဲ့ခေါက်ဆွဲဘူးပုံစံအိပ်ရာခင်းအစုံလိုက်

16.3.2023-yyl-iamge-18.jpg

Nissin ဂျပန်အစားအသောက်ကုမ္ပဏီဟာ သူတို့ရဲ့အမှတ်အသားဖြစ်တဲ့ Cup Noodle ခေါက်ဆွဲဘူးပုံစံ အိပ်ရာခင်းအစုံလိုက်ရဲ့ဓာတ်ပုံကို တွစ်တာအကောင့်မှာ တင်ပေးခဲ့ပါတယ်။ အဲ့ဒီအိပ်ရာခင်းအစုံလိုက်မှာ ပုဇွန်၊ ကြက်သွန်မြိတ်လို အမျိုးမျိုးသော ပါဝင်ပစ္စည်းပုံစံပါတဲ့ လေးထောင့်ခေါင်းအုံး ၄ လုံး အပြင် Cup Noodle ခေါက်ဆွဲဘူးပုံပါတဲ့အဖြူရောင်ခြုံစောင်တစ်ထည်လည်းပါဝင်ပါတယ်။

ဒီအိပ်ရာအစုံလိုက်ကို လက်ရှိမှာတော့ ဝယ်ယူလို့မရနိုင်ပေမဲ့ တောင်းဆိုသူများရင် စီးပွားဖြစ်ပြုလုပ်ရောင်းချဖို့ စဥ်းစားပေးမယ် လို့ ကုမ္ပဏီက ဆိုပါတယ်။ အရင်ကလည်း Nissin က Cup Noodle ရေချိုးအရုပ်တွေနဲ့ Cup Noodle ပုံစံအိတ်လို ထူးခြားတဲ့ပစ္စည်းတွေကို မိတ်ဆက်​ပေးခဲ့ဖူးပါတယ်။ အဲ့ဒီပစ္စည်းတွေကလည်း ဝယ်ယူလို့မရနိုင်ပါဘူး။

Ref: Nissin Reveals Cup Noodle Bedding Set

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top