လူမှုအသိုင်းအ၀ိုင်း၏ ယုံကြည်မှုခိုင်မာစေရန် မြန်မာနိုင်ငံရှိ ပလက်ဖောင်းအသုံးပြုမှုဆိုင်ရာ ဘေးကင်းလုံခြုံမှုအပေါ် TikTok မှ အာရုံစိုက်လုပ်ဆောင်လျက်ရှိ

26.6.2024-yyl-၉.png

TikTok သည် မြန်မာနိုင်ငံ၏ ကွဲပြားခြားနားသည့် အသုံးပြုသူများအကြား ရေပန်းစားလာသည့်အလျောက် တီထွင်ဖန်တီးမှုနဲ့ ထုတ်ဖော်ပြောဆိုမှုအတွက် ထိပ်တန်းပလက်ဖောင်းတစ်ခုဖြစ်လာပါသည်။ အသုံးပြုသူ ဦးရေနှင့် ဗီဒီယို အကြောင်းအရာများ ပိုမိုတိုးတက်များပြားလာသည်နှင့်အမျှ TikTok ကို လုံခြုံစွာ အားလုံး ပါဝင်ပြီး စစ်မှန်သော နေရာတစ်ခုဖြစ်စေရန်ဆိုသည့် ရည်ရွယ်ချက်ကို မပြောင်းမလဲ လုပ်ဆောင်လျက်ရှိပါသည်။

တီထွင်ဖန်တီးနိုင်စွမ်းတိုးတက်စေပြီး ပျော်ရွှင်မှုကို ယူဆောင်လာရန်နှင့် အသုံးပြုသူအားလုံးအတွက် ဘေးကင်း လုံခြုံသော ပလက်ဖောင်းတစ်ခု ဖြစ်စေရမည်ဆိုသည့် ကတိက၀တ်ခိုင်မာစေရန် TikTok အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ယုံကြည်စိတ်ချရသော ပတ်ဝန်းကျင်အဖြစ် ရရှိစေရေးသည် TikTok ၏ အဓိက ရည်မှန်းချက် တစ်ခုဖြစ်သည့်အလျောက် မြန်မာနိုင်ငံနှင့် အခြားအသိုင်းအဝိုင်းများ၏ ဘေးကင်းရေးကို ဦးစားပေး လုပ်ဆောင်နေပါသည်။

ဘေးကင်းလုံခြုံပြီး နွေးထွေးပျူငှာသည့် ပလက်ဖောင်းတစ်ခုအဖြစ် ထိန်းသိမ်းထားရန်နှင့် တီထွင်ဖန်တီးနိုင်စွမ်း တိုးတက်စေပြီး ပျော်ရွှင်မှုကို ယူဆောင်လာရန်ဆိုသည့် ကတိက၀တ်များကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရန် စဥ်ဆက်မပြတ် ကြိုးပမ်းလျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် TikTok က ကမ္ဘာတစ်ဝန်းရှိ သက်ဆိုင်ရာ ကျွမ်းကျင်သူများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲပြီး အလေ့အကျင့်ကောင်းများမျှဝေခြင်း၊ မူဝါဒများ၊ လုံခြုံရေး Tool များနှင့် ပရိုဂရမ်များ ရေးဆွဲခြင်း၊ လုံခြုံရေးဆိုင်ရာ အကြံဉာဏ်မျှဝေခြင်းများ စသဖြင့် လုပ်ဆောင်လျက်ရှိပါသည်။

လုံခြုံရေးအတွက် လက်တွဲလုပ်ဆောင်လျက်ရှိသည့် ပါတနာများ

အချက်အလက်စစ်ဆေးခြင်း
TikTok သည် အန္တရာယ်ရှိသော သတင်းမှားများကို တိုက်ဖျက်ရန်အတွက် Australian Associated Press (AAP), Agence France-Presse (AFP), Animal Político, Code for Africa, dpa Deutsche Presse-Agentur, Estadão Verifica, Facta, Lead Stories, Logically, Newschecker, Newtral, PolitiFact, Reuters, Science Feedback နှင့် Teyit အစရှိသည့် အဖွဲ့အစည်းများနှင့်အတူတကွ လုပ်ဆောင်လျက်ရှိပါသည်။ အဆိုပါ အချက်အလက်စစ်ဆေးသည့် ပါတနာအဖွဲ့များက နိုင်ငံပေါင်း ၆၀ ကျော်ရှိ ဗီဒီယိုအကြောင်းအရာများ၏ တိကျသေချာမှုကို ကူညီ သုံးသပ် အကဲဖြတ်ပေးပါသည်။ TikTok ၏ သတင်းမှားများဆိုင်ရာ ပေါ်လစီကို ချိုးဖောက်ပါက အဆိုပါ ဗီဒီယိုအကြောင်းအရာကို ဖယ်ရှားပြီးနောက် ဖန်တီးသူထံ အကြောင်းကြားမှာဖြစ်ပြီး အသုံးပြုသူများ၏ For You Feed တွင် ပေါ်လာတော့မည် မဟုတ်ပါ။ အချက်အလက်စစ်ဆေးခြင်းရလဒ်များ ခိုင်လုံမှုမရှိပါက ဗီဒီယိုအကြောင်းအရာ မှန်ကန်ကြောင်း သက်သေမပြနိုင်သဖြင့် သတင်းမှားဖြစ်နိုင်ကြောင်းကို မမျှဝေမီ ထည့်သွင်းစဉ်းစားရန် ကြည့်ရှုသူများကို အသိပေးသည့် အမှာစာတစ်ခု ထည့်သွင်းသွားမည်ဖြစ်ပါသည်။

မီဒီယာအသိပညာ
TikTok သည် အွန်လိုင်းအကြောင်းအရာနှင့် ပြောဆိုဆက်ဆံမှုဆိုင်ရာ ဝေဖန်ပိုင်းခြားတွေးခေါ်မှုကို မြှင့်တင်ရန်အတွက် National Association for Media Literacy Education (NAMLE) နှင့် လက်တွဲ လုပ်ဆောင်လျက်ရှိပါသည်။ TikTok ၏ “Be Informed” ဗီဒီယိုစီးရီးများသည် TikTok အသိုင်းအ၀ိုင်းအတွက် အွန်လိုင်းပေါ်ရှိ အကြောင်းအရာများနှင့် ၎င်းတို့ဖန်တီးထားသည့် အကြောင်းအရာများကို ဝေဖန်သုံးသပ်နိုင်ရန် အားပေးခြင်းဖြင့် မီဒီယာအသိပညာနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းကို မြှင့်တင်ပေးလျက်ရှိပါသည်။

မတူကွဲပြားသော ခန္ဓာကိုယ်အမျိုးအစားများကို အသိအမှတ်ပြုခြင်း
TikTok သည် မတူကွဲပြားသော ခန္ဓာကိုယ်အမျိုးအစားများကို အသိအမှတ်ပြုခြင်းဆိုင်ရာ အရင်းအမြစ်များကို အက်ပလီကေးရှင်းမှ တိုက်ရိုက် ပံ့ပိုးပေးနိုင်ရန်အတွက် National Eating Disorders Association (NEDA) နှင့် လက်တွဲလုပ်ဆောင်လျက်ရှိပါသည်။ ရှာဖွေမှုများနှင့် Hashtag များကို အသိုင်းအ၀ိုင်းအတွက် လိုအပ်သည့် လျှို့ဝှက်ပံ့ပိုးမှုများ၊ tool များနှင့် အရင်းအမြစ်များကို ထောက်ပံ့ပေးမည့် NEDA ၏ အကူအညီပေးသည့် လိုင်းဆီသို့ လွှဲပြောင်းပေးပါသည်။

ဒစ်ဂျစ်တယ်ကျန်းမာရေး
TikTok သည် ဒစ်ဂျစ်တယ်ကျန်းမာရေးကို မြှင့်တင်ရန်အတွက် The Jed Foundation, The Trevor Project, Providence Health, Seize the Awkward, National Suicide Prevention Lifeline နှင့် Crisis Text Line စသည့် အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်လျက်ရှိပါသည်။ နေ့စဥ်ဖုန်းသုံးချိန်နှင့် Restricted Mood စသည့် လုပ်ဆောင်ချက်များကို သုံးပြီး အသုံးပြုသူများအနေဖြင့် TikTok ကို စိတ်ကြိုက်ပြင်ဆင်အသုံးပြုနိုင်ပါသည်။ ထို့အပြင် “You’re in Control” ကဲ့သို့ ဗီဒီယိုစီးရီးများမှတစ်ဆင့် လုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်းများ ထောက်ပံ့ပေးလျက်ရှိပါသည်။ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ပတ်သက်သည့် ဆွေးနွေးပြောဆိုမှုများကို မြှင့်တင်ခြင်းနှင့် Reporting Tool များနှင့် ပံ့ပိုးကူညီမှုအရင်းအမြစ်များကို ထောက်ပံ့ပေးခြင်းဖြင့် စိတ်ကျန်းမာရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်ရေးအဖွဲ့များကိုလည်း TikTok က ပံ့ပိုးကူညီလျက်ရှိပါသည်။

မိသားစုပညာရေး
ConnectSafely နှင့် Family Online Safety Institute (FOSI) သည် TikTok ၏ အရေးပါသော ပူးပေါင်း ဆောင်ရွက်မှုများထဲမှထင်ရှားသော လူငယ်ဘေးကင်းရေး အဖွဲ့အစည်းနှစ်ခုဖြစ်ပါသည်။ အတူတကွ ပူးပေါင်းပြီး ၎င်းတို့၏ ဆယ်ကျော်သက်များ အင်တာနက်ကို တာ၀န်သိသိအသုံးပြုရာတွင် ကူညီပေးနိုင်ရန်အတွက် မိဘများနှင့် အုပ်ထိန်းသူများကို TikTok ရှိ လုံခြုံရေးဆိုင်ရာလုပ်ဆောင်ချက်များနှင့် ထိန်းချုပ်မှုများအကြောင်း အသိပညာပေးလျက်ရှိပါသည်။

အကြမ်းဖက် အစွန်းရောက်ဝါဒကို ဆန့်ကျင်ခြင်း
TikTok သည် ပလက်ဖောင်းပေါ်တွင်ရော ပြင်ပတွင်ပါ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန် Tech Against Terrorism နှင့် ပူးပေါင်းထားပါသည်။ Tech Against Terrorism ၏ ပံ့ပိုးကူညီမှုဖြင့် TikTok၏ ယုံကြည်မှုနှင့် ဘေးကင်းရေး အဖွဲ့များသည် မူဝါဒများကို မြှင့်တင်နိုင်ပြီး လက်ရှိခေတ်ရေစီးကြောင်းနှင့် အသိပညာများ အကြောင်းကို စဥ်ဆက်မပြတ် သိရှိနေအောင် လုပ်ဆောင်လျက် ရှိပါသည်။

အကြောင်းအရာ စိစစ်ရေးစနစ်
TikTok သည် လုံခြုံသောပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် ဒီဇိုင်းထုတ်ထားသော ခိုင်ခံ့သည့် အကြာင်းအရာ စိစစ်ရေးစနစ်ကို အသုံးပြုထားပါသည်။ အဆိုပါ စနစ်တွင် ယုံကြည်စိတ်ချရသော ကျွမ်းကျင်ပညာရှင် ၄၀၀၀ ကျော်၏ ကြီးကြပ်မှုဖြင့် အန္တရာယ်ရှိသော အကြောင်းအရာများကို ထိထိရောက်ရောက် ရှာဖွေပြီး ဖယ်ရှားနိုင်သည့် အဆင့်မြင့်နည်းပညာကို ပေါင်းစပ်ထားပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအတွက် TikTok၏ အကြောင်းအရာ စိစစ်ရေးဆိုင်ရာ ကြိုးပမ်းမှုများကို လူမှုအသိုင်းအ၀ိုင်းလမ်းညွှန်ချက်များကျင့်သုံးမှု အစီရင်ခံစာ (CGER) မှ ကောက်နုတ်ထားသည့် အချက်အလက်များဖြင့် လမ်းညွှန်ထားပါသည်။ TikTok သည် မြန်မာနိုင်ငံတွင်းရှိ လူမှုအသိုင်းအဝိုင်းလမ်းညွှန်ချက်များကို ချိုးဖောက်သည့် ဗီဒီယိုအကြောင်းအရာများကို အရေးယူဆောင်ရွက်ရာတွင် ၂၄ နာရီအတွင်း ဗီဒီယိုဖယ်ရှားမှုနှုန်း ၉၀.၆ရာခိုင်နှုန်းဖြင့် အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှ နှစ်ကုန်အထိ တက်ကြွစွာ ဖယ်ရှားမှုနှုန်း ၉၉.၆ ရာခိုင်နှုန်းကိုလည်း ထိန်းထားနိုင်ခဲ့ပါသည်။ အဆိုပါ ကာလအတွင်း TikTok သည် ဗီဒီယိုအကြောင်းအရာပေါင်း ၁,၄၄၄,၃၃၁ ခုကို ဖယ်ရှားခဲ့ခြင်းဖြင့် လူမှုအသိုင်းအ၀ိုင်း စံသတ်မှတ်ချက်များကို တက်ကြွစွာ လိုက်နာကျင့်သုံးကြရန် ၂၄ နာရီ ၊ ၇ ရက်ပတ်လုံး ဆောင်ရွက်နေကြောင်း ထင်ဟပ်စေခဲ့ပါသည်။

စဉ်ဆက်မပြတ် ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကတိကဝတ်
TikTok သည် ပလက်ဖောင်းဘေးကင်းရေးတွင် ပညာရှင်များနှင့် တီထွင်ဆန်းသစ်ပြီး ပူးပေါင်းလုပ်ဆောင်လျက် ရှိပါသည်။ ရှင်းလင်းပြတ်သားမှုနှင့် ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန် ၎င်း၏ လူမှုအသိုင်းအ၀ိုင်းလမ်းညွှန်ချက်များကို မကြာသေးမီက အသစ်ထပ်မံ ထည့်သွင်းပြင်ဆင်ခဲ့ပါသည်။ ဤသို့ အသစ်ပြင်ဆင်ထည့်သွင်းရာတွင် အမုန်းစကားနှင့် ကျန်းမာရေးဆိုင်ရာ သတင်းမှားများဆိုင်ရာ မူဝါဒများ၏ အသေးစိတ် အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် Search၊ LIVE နှင့် For You Feed ကဲ့သို့သော အကြောင်းအရာ စိစစ်ရေးဆိုင်ရာ လုပ်ဆောင်ချက်များအကြောင်း ပါဝင်ပါသည်။ ထို့အပြင် TikTok သည် အကြမ်းဖက်ရန်လှုံ့ဆော်မှုကဲ့သို့ လုံးဝလက်မခံသော မူဝါဒများမှလွဲ၍ ဗီဒီယိုအကြာင်းအရာ ဖန်တီးသူများအား ၎င်းတို့၏ လုပ်ရပ်များကို ချက်ချင်းနားလည်ပြီး ပြုပြင်ရန် အခွင့်အလမ်းအဖြစ် ပထမအကြိမ် ချိုးဖောက်မှုများအတွက် သတိပေးချက်တစ်ရပ်ကို မိတ်ဆက်ပေးခဲ့ပါသည်။

TikTok က ဗီဒီယိုအကြာင်းအရာ ဖန်တီးသူများအနေဖြင့် အကောင့်များကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ရန် ၎င်းတို့၏ အကောင့်အခြေအနေနှင့် မကြာသေးမီက တင်ထားသောပို့စ်များကို စစ်ဆေးရန်၊ ကန့်သတ်ချက်များကို စစ်ဆေးပြီး မည်သည့်အကြောင်းအရာကို ဖယ်ရှားထားသည် သို့မဟုတ် ကန့်သတ်ထားခြင်း ရှိ မရှိ ကြည့်ရှု နိုင်စေမည့် ‘အကောင့်စစ်ဆေးခြင်း (Account Check)’ ဆိုသည့် လုပ်ဆောင်ချက် အသစ်ကိုလည်း စတင်လိုက် ပါသည်။ ဤအစပျိုးမှုများသည် စည်းမျဉ်းများကိုနားလည်ရန်၊ လိုက်နာမှု သေချာစေရန်နှင့် TikTok အသိုင်းအဝိုင်းအတွက် ပိုမိုလုံခြုံပြီး ပိုမိုပွင့်လင်းသော ပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရန်အတွက် ဗီဒီယိုအကြာင်းအရာဖန်တီးသူများကို ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။

TikTok အနေဖြင့် ဆက်လက်တိုးချဲ့ပြီး တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ အသုံးပြုသူများ၏ ဘေးကင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကတိကဝတ်များသည် TikTok ၏ အဓိက ကြိုးပမ်းအားထုတ်လျက် ရှိနေပါသည်။ ကမ္ဘာလုံးဆိုင်ရာ ကျွမ်းကျင်သူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လမ်းညွှန်ချက်များကို မြှင့်တင်ခြင်းနှင့် ဆန်းသစ်သော ဘေးကင်းရေး Tool များကို တီထွင်ခြင်းဖြင့် TikTok အသိုင်းအဝိုင်းအတွက် လုံခြုံပြီး အပြုသဘောဆောင်သော ပတ်ဝန်းကျင်ကို ဖန်တီးရန် ရည်ရွယ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံနှင့် ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများအတွက် တီထွင်ဖန်တီးမှုနှင့် သုံးစွဲသူများအတွက် ယုံကြည်စိတ်ချရသော ပလက်ဖောင်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေစေရန်အတွက် ပွင့်လင်းမြင်သာမှုရှိိရေး၊ အသိပညာပေးရေးနှင့် တက်ကြွသည့် အကြောင်းအရာစိစစ်ရေးတို့ကို TikTok က ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top