စည်းကမ်းတွေကို လိုက်နာရင် နှစ်ပတ်၊ သုံးပတ်အတွင်း ထိန်းချုပ်နိုင်မယ်လို့ ဒေါ်အောင်ဆန်စုကြည်ဆို

11-9-2020-yyl-008.jpg

ရန်ကုန် စက်တင်ဘာ ၁၁
ရန်ကုန်နဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာကြမယ်ဆိုရင် နှစ်ပတ်၊ သုံးပတ်အတွင်း ထိန်းချုပ်နိုင်မယ့်အခြေအနေကို ရောက်လာမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ အစီရင်ခံ တင်ပြတဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

”စည်းဆိုတာ နံပါတ်(၁)က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ နောက်ပြီး အပြင်ကလူတွေကိုလည်း ကာကွယ်ဖို့ ဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းကို လိုက်နာခြင်းအားဖြင့် ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာ ရောက်ပါလိမ့်မယ်”လို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အခုလိုထုတ်ပြန်ထားတဲ့ COVID-19 ရောဂါနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်တွေကြောင့် မိမိတို့ရဲ့ နိစ္စဓူဝ အလုပ်တွေမှာ ခက်ခဲလာတယ်ဆိုတာ သည်းခံရမယ့် ကိစ္စတစ်ခုဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

”ရန်ကုန်ကမြို့နယ်တချို့ကို အထူးသတိထားပြီး အိမ်အပြင်မထွက်ဖို့ သတ်မှတ်ထားပါတယ်။ စည်းမျဥ◌်း စည်းကမ်းတွေကို ကြပ်ကြပ်မတ်မတ် လိုက်နာလေလေ ဒီစည်းမျဉ်းစည်းကမ်းတွေကို မြန်မြန်ဆန်ဆန် ဖယ်ရှား ပေးနိုင်လေလေ ဖြစ်မှာပါ”လို့ ၎င်းက ပြောပါတယ်။

COVID-19 နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို သတ်မှတ်ရာမှာ ပြည်သူတွေရဲ့ အသက်မွေး ဝမ်းကြောင်းကို ထိခိုက်တယ်ဆိုတာ သတိပြုမိတဲ့အတွက် အစိုးရအနေနဲ့ တတ်နိုင်သမျှ ပံ့ပိုးနိုင်အောင် စီစဉ် ပေးနေတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

Photo – Myanmar State Counsellor Office

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top