Disney ရဲ့ Animal Kingdom Park မှာ နေထိုင်တဲ့ အသက်ကြီးဆုံးဂေါ်ရီလာဟာ အသက် ၄၄ နှစ်အရွယ်မှာ သေဆုံးသွားခဲ့ပါတယ်။ ဂျီနို အမည်ရတဲ့ အဲ့ဒီဂေါ်ရီလာကြီး သေဆုံးသွားတယ်ဆိုတာကို Disney က အသိပေးခဲ့တာပါ။ သေဆုံးရတဲ့အကြောင်းအရင်းကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။
“နှစ် ၃၀ နီးပါးကြာအောင် ဂျီနိုက Disney ရဲ့ Animal Kingdom မှာ ပျော်တတ်တဲ့စိတ်၊ ရယ်မောတတ်မှု၊ ဖခင်တစ်ယောက်၊ ခေါင်းဆောင်တစ်ဦးလို သစ္စာရှိရှိ ရှိနေပေးမှုတွေနဲ့ နေထိုင်ခဲ့တာပါ”လို့ Disney က ဆိုပါတယ်။
ဂျီနိုဟာ သူ့ဘဝမှာ တော်တော်များများကို ကြုံတွေ့မြင်ဖူးခဲ့ပြီး ၁၉၉၈ ခုနှစ် လွန်ခဲ့တဲ့ ၂၇ နှစ်က Animal Kingdom ဖွင့်ပွဲနေ့မှာ တစ်စိတ်တစ်ပိုင်းအဖြစ် ရှိနေခဲ့တာပါ။ ဂျီနိုက ၁၉၈၀ ခုနှစ်မှာ မွေးဖွားခဲ့ပြီး သားသမီး ၁၄ ကောင်ရှိပါတယ်။ ဒီဇင်ဘာလကျရင် အသက် ၄၅ နှစ်ပြည့်မြောက်မှာပါ။
ဂျီနို အသက် ၄၄ နှစ်ပြည့်တဲ့အချိန်က Animal Kingdom ဝန်ထမ်းတွေက ၁၉၈၀ ခုနှစ် သရုပ်ဖော်တဲ့ မွေးနေ့ပါတီကို ဖန်တီးပေးခဲ့ပါသေးတယ်။ Disney က ဂျီနိုကို မျိုးစိတ်ရှားပါးလာခြင်းအန္တာရယ်ကို ကယ်တင်ပြီး ပန်းခြံရဲ့ကြံ့ကြံခံ့အားထုတ်မှုရဲ့သင်္ကတလို့ ဆိုထားပါတယ်။
Ref: Oldest gorilla at Disney’s Animal Kingdom dies at 44
WL ( ရိုးရာလေး)

