ဂျိုးဘိုင်ဒင်ကို ဒေါ်နယ်ထရမ့် စိန်ခေါ်

intlw01.jpg

လာမယ့်လမှာ ကျင်းပမယ့် သူတို့ရဲ့ ပထမဆုံး စကားရည်လုပွဲမတိုင်ခင် သမ္မတရွေးကောက်ပွဲဝင်မယ့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကို မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးမှု ခံယူရဲလားလို့ ဒေါ်နယ်ထရမ့်က စိန်ခေါ်လိုက်ပါတယ်။ ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ စကားရည်လုပွဲတွေမှာ ဂျိုးဘိုင်ဒင်က ကသောင်းကနင်းဖြစ်နေပြီးတော့မှ အပြောစွမ်းရည် ရုတ်တရက် ကောင်းလာတာမျိုးကို သတိထားမိတယ်လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။

ဂျိုးဘိုင်ဒင် မူးယစ်ဆေးသုံးစွဲဖွယ်ရှိတယ်ဆိုတဲ့ စကားနဲ့ပတ်သက်ပြီး ဒေါ်နယ်ထရမ့်က အထောက်အထားတစ်စုံတစ်ရာ ပြသခဲ့ခြင်းမရှိပါဘူး။ ဒေါ်နယ်ထရမ့်က ” ဘာနီဆန်းဒါးစ်နဲ့ စကားရည်လုပွဲမှာ ဂျိုးဘိုင်ဒင်က ကသောင်းကနင်းဖြစ်ပြီးတော့မှ ဘာကြောင့် ရုတ်တရက် အစွမ်းပြနိုင်ခဲ့သလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူက ဝင်စတန်ချာချီမဟုတ်လို့ (ကျွန်တော်နဲ့ ရင်ဆိုင်ရမယ့်) စကားရည်လုပွဲက ပျင်းစရာကောင်းတဲ့ သာမန်စကားရည်လုပွဲပဲ ဖြစ်လာမှာပါ။ အံ့အားသင့်စရာကောင်းမှာမဟုတ်ပါဘူး။ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးဖို့တော့ တိုက်တွန်းချင်ပါတယ်”လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဒေါ်နယ်ထရမ့်နဲ့ ဂျိုးဘိုင်ဒင်တို့ဟာ နိုဝင်ဘာလ ၃ ရက် ရွေးကောက်ပွဲမတိုင်ခင် စကားရည်လုပွဲ ၃ ကြိမ် ယှဉ်ပြိုင်ရမှာပါ။ ဒေါ်နယ်ထရမ့်ဟာ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတုန်းကလည်း သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဟီလာရီကလင်တန်က စကားရည်လုပွဲတွေမတိုင်ခင် စွမ်းဆောင်မှုမြင့်စေမယ့် မူးယစ်ဆေးဝါးတွေ အသုံးပြုခဲ့တယ်လို့ စွပ်စွဲပြီး နောက်ဆုံးစကားရည်လုပွဲမတိုင်ခင် မူးယစ်ဆေးဝါး စစ်ဆေးမှု ခံယူရဲလားလို့ စိန်ခေါ်ခဲ့ဖူးပါတယ်။ ဟီလာရီကလင်တန်က သူ့ရဲ့စိန်ခေါ်မှုကို ပယ်ချခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top