ထီပေါက်တယ်လို့ အိပ်မက်မက်ပြီး ၆ လအကြာမှာ ထီဆုကြီး ပေါက်ခဲ့သူ

26.3.24-yyl-12.jpg

မက်ဆာချူးဆက်ပြည်နယ်က အမျိုးသမီးတစ်ဦးရဲ့ထီပေါက်တဲ့အိပ်မက်က အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ ပက်ထရစ်ရှာ ဟာရစ်ဆိုတဲ့ အဲဒီအမျိုးသမီးက နှစ်စဉ် ဒေါ်လာ ၂၅၀၀၀ ရရှိမယ့် Quick Pic ထီဆုကြီးပေါက်ခဲ့တာပါ။ ဟာရစ်က Washington Street ရှိ Country Farm မှာ ပေါက်မဲထီလက်မှတ်ကို ဝယ်ယူခဲ့တာပါ။ အဲဒီကလည်း လက်မှတ်ကို ရောင်းချခဲ့တဲ့အတွက် ဘောနပ်စ် ဒေါ်လာ ၅၀၀၀ ရရှိမှာပါ။

ဟာရစ်ဟာ မတ်လ ၁၄ ရက်နေ့က ထီရုံးချုပ်ကို လာပြီး ထီဆုငွေထုတ်ယူခဲ့ပါတယ်။ လာရောက်စဉ်အတွင်း သူ ထီမပေါက်ခင် ၆ လလောက်က ထီပေါက်တယ်ဆိုတဲ့ အိပ်မက်မက်ခဲ့တယ်လို့ ဟာရစ်က ဖွင့်ဟခဲ့ပါတယ်။ ဟာရစ်က နှစ်စဉ် ဒေါ်လာ ၂၅၀၀၀ မယူဘဲ တစ်လုံးတစ်ခဲတည်း ဒေါ်လာ ၃၉၀၀၀၀ (အခွန်မဆောင်မီ) ကို ထုတ်ယူခဲ့ပါတယ်။ အခုဆို ဟာရစ်က သူ့မိသားစုအတွက် ကောင်းမွန်တဲ့အရာတွေလုပ်မယ့်အပြင် ထီဆုငွေတွေကို ရင်းနှီးမြုပ်နှံဖို့ စီစဉ်နေပါတယ်။

Ref: Woman Wins $25K a Year for Life Prize Months After Having a Dream That She’d Win the Lottery

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top