ရိုးပြတ်တောများကို စိမ်းလန်းစိုပြေစေခဲ့တဲ့ စုံတွဲ

cap.jpg

အိန္ဒိယနိုင်ငံမှ ပါမီလာနဲ့ မာလိုတြာတို့ ဇနီးမောင်နှံဟာ အမေရိကန်နိုင်ငံမှာ အခြေတကျဖြစ်နေတဲ့ ဘဝကို စွန့်လွှတ်ပြီး သူတို့ရဲ့ ရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်ဖို့ အိန္ဒိယနိုင်ငံထံ ပြန်လာခဲ့ကြပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတော့ သစ်တောတွေ ပြန်လည်ပျိုးထောင်ရေးပါပဲ။

၁၉၉၁ ခုနှစ်မှာ အိန္ဒိယကို သူတို့ ပြန်လာခဲ့ပြီး ကာနာတာကာပြည်နယ်မှ ရိုးပြတ်တောတစ်ခုကို ဝယ်ယူခဲ့ကြတယ်။ ပြီးတော့ နှစ် ၂၀ ကြာကာလအတွင်း ဧက ၃၀၀ ကျယ်ဝန်းတဲ့ တောအုပ်တစ်ခု ဖြစ်လာအောင် သစ်ပင်တွေ စိုက်ပျိုးခဲ့ကြတယ်။ ဒီနေ့အချိန်မှာတော့ အာရှဆင်တွေ၊ ဘင်္ဂလားကျားတွေအပါအဝင် မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်ရှိနေတဲ့ သတ္တဝါမျိုးစိတ် ၂၀၀ ကျော် လာရောက်ခိုနားရာ ဘေးမဲ့တောကြီး ဖြစ်နေပါပြီ။

Save Animals Initiative (SAI ) ဘေးမဲ့တောဟာ အိန္ဒိယနိုင်ငံရဲ့ တစ်ခုတည်းသော ပုဂ္ဂလိကပိုင် ဘေးမဲ့တောဖြစ်ပြီး သန့်ရှင်းစွမ်းအင်ကို အသုံးပြုရာ နေရာတစ်ခုအဖြစ်လည်း ဂုဏ်ယူဝံ့ကြွားစွာ တည်ရှိနေပါတယ်။

Ref: Pamela and Anil Malhotra: Restoring Forests and Inspiring a Legacy of

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top