တရုတ်စစ်လေယာဉ်တွေ တောင်ကိုရီးယား လေကြောင်း ပိုက်နက်ထဲကို ချိုးဖောက် ဝင်ရောက်

thumbs_b_c_00484fe76ff21a729c855968a0e669f8.jpg

တရုတ်နိုင်ငံရဲ့ စစ်ဘက်လေယာဉ်တွေဟာ ဒီဇင်ဘာ ၁၈ ရက်နေ့က တောင်ကိုရီးယားလေကြောင်း ကာကွယ်ရေးဇုန်ကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ တောင်ကိုရီးယားဘက်ကပြောပါတယ်။

တောင်ကိုရီးယား လက်နက်ကိုင်အဖွဲ့ပူးတွဲဦးစီးချုပ်က တောင်ကိုရီးယား စစ်လေယာဉ်တွေဖြစ်တဲ့ F-15K နဲ့ KF-16K အမျိုးအစားတိုက်လေယာဉ်တွေဟာ Ieo-do သန္တာကျောက်တန်းအနီးမှာ တရုတ်လေယာဉ်တွေကို လိုက်လံဟန့်ထားခဲ့ရတယ်လို့ ပြောပါတယ်။ တောင်ကိုရီးယား လေကြောင်းပိုင်နက်ထဲကို တရုတ်နိုင်ငံစစ်လေယာဉ် ၅ စင်း ချိုးဖောက်ဝင်ရောက်ခဲ့တာဖြစ်ပြီး တရုတ် စစ်ဘက်သုံး TU-154 အမျိုးစား ထောက်လှမ်းရေးလေယာဉ်တစ်စင်း၊ j 11 အမျိုးစားတိုက်လေယာဉ် နှစ်စင်းနဲ့ H-6 အမျိုးအစား ဗုံးကြဲလေယာဉ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ တရုတ်စစ်ဘက်လေယာဉ် ၅ စင်း ဟာ ဂျပန်လေကြောင်း ကာကွယ်ရေးဇုန်ထဲကို ချိုးဖောက်ဝင်ရောက်ခဲ့ပြီး တောင်ကိုရီးယားလေကြောင်း ကာကွယ်ရေးဇုန်ဘက်ကို ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီလိုမျိုး လေကြောင်းပိုက်နက်ကျုးကျော်လာနဲ့ ပတ်သက်လို့ တောင်ကိုရီးယား လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ အကြီးအကဲဟာ တရုတ်နိုင်ငံနဲ့ ဆွေးနွေးမှုတွေလုပ်ခဲ့ပြီး တရုတ်ဘက်က ဒီပျံသန်းမှုဟာ ပုံမှန်လေ့ကျင့်မှု အစိတ်ပိုင်းသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ Ieo-do သန္တာကျောက်တန်းအနီးက တောင်ကိုရီးယားလေကြောင်းကာကွယ်ရေးဇုန် ဟာ တရုတ်၊ ဂျပန် လေကြောင်းကာကွယ်ရေးဇုန်တွေနဲ့ ထိစပ်နေပါတယ်။ တောင်ကိုရီးယား လေကြောင်းပိုင်နက်ထဲကို တရုတ်စစ်လေယာဉ်တွေ ဝင်ရောက်လာမှုဟာ အခုနှစ်အတွင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။

Ref : KBS : Chinese Military Planes Violate S. Korean Air Defense Zone

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top