Spring/Summer collection တွေကို ပြသတဲ့ ဖက်ရှင်ပြပွဲတစ်ခုဖြစ်တဲ့ Paris Fashion Week ကို စက်တင်ဘာ ၂၅ ရက်နေ့မှာ စပြီးကျင်းပခဲ့ပါတယ်။ ၃ ရက်မြောက်နေ့မှာတော့ Undercover ဖက်ရှင်အမှတ်တံဆိပ်ရဲ့ Deep Mist အမည်ရဲ့ 2024 Spring-Summer women’s collection ကို ပြသခဲ့တာပါ။
ဒီဇိုင်နာ ဂျွန် တာကာဟာရှီက သူ ဖန်တီးထားတဲ့လက်ရာတွေကို ချပြခဲ့ပါတယ်။ လိပ်ပြာအရှင်တွေနဲ့ ပန်းတွေပါဝင်တဲ့ မီးအိမ်ဝတ်စုံတွေပါပဲ။ ဒီဝတ်စုံတွေကို မော်ဒယ်တွေက ဝတ်ဆင်ပြသခဲ့ပါတယ်။ ပြပွဲက အဲဒီဝတ်စုံဝတ်ဆင်ထားတဲ့မော်ဒယ်တွေရဲ့ပုံတွေက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ကောင်းတဲ့သုံးသပ်ချက်တွေရော ဝေဖန်ပြောဆိုတဲ့သုံးသပ်ချက်တွေပါ ရခဲ့တာပါ။
လူမှုကွန်ယက်အသုံးပြုသူတချို့က ဒီဝတ်စုံဖန်တီးမှုကို ချီးကျူးခဲ့ကြပြီး အိပ်မက်ဆန်တယ်၊ မှော်ဆန်တယ်လို့ ပြောခဲ့ကြပေမဲ့ တချို့ကတော့ တိရစ္ဆာန်တွေက အရာဝတ္ထုမဟုတ်ဘူး၊ ဒီဖက်ရှင်စုစည်းမှုက စာနာစိတ်ကင်းမဲ့တယ်လို့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။
Ref: Paris Fashion Week: People react to models in lamp dresses with live butterflies
WL (ရိုးရာလေး)