နွမ်းပါးသူတွေအတွက် ဆယ်စုနှစ်တစ်ခုကျော် ဆေးဖိုး တိတ်တဆိတ် ကူညီပေးခဲ့သူ

23-1-2023-yyl-176.jpg

ဆေးဖိုးလိုအပ်နေသူတွေကို ဆယ်စုနှစ်တစ်ခုကျော်တိတ်တဆိတ် ကူညီခဲ့တဲ့ စိုက်ပျိုးရေးသမားကြီး ဟိုဒီချိုင်းဒရက်ကတော့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က သူ့ရဲ့မွေးရပ်ဖြစ်တဲ့ အလာဘားမားပြည်နယ် ဂျရယ်ဒင်းမြို့က ဆေးဆိုင်ကို သွားရင်း ဆေးဖိုးမတတ်နိုင်သူတွေ ရှိနေတဲ့အကြောင်း ချိုင်းဒရက် သိသွားခဲ့တာပါ။ အဲဒီအချိန်ကစပြီး ချိုင်းဒရက်က ဆေးဖိုးလိုနေသူတွေကို ကူညီဖို့ လစဉ်လတိုင်း ဒေါ်လာ ၁၀၀ လှူခဲ့ပြီး သူ လှူတဲ့အကြောင်း ဘယ်သူ့ကိုမှ မပြောဖို့ ဆေးဆိုင်ပိုင်ရှင် ဝေါ်ကာကို တောင်းဆိုခဲ့ပါတယ်။ ဝေါ်ကာကလည်း သူ့မိသားစုကိုတောင် ဒီအကြောင်း မပြောပြခဲ့ပါဘူး။

” ချိုင်းဒရက်က ကြင်နာစိတ်ရှိပြီး ရိုးရိုးအေးအေး နေတတ်သူပါ။ လတိုင်း ဒေါ်လာ ၁၀၀ လာပေးတာနှစ်တော်တော်ကြာတဲ့အထိပါပဲ။ နောက်တော့ ကျွန်တော်လည်း နွမ်းပါးသူတွေကို ကူညီဖို့ ဆေးဖိုးလျှော့ယူခဲ့တယ်” လို့ ဝေါ်ကာက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာဝောာ့ ချိုင်းဒရက်က သူ ကြာကြာမနေရတော့ဘူးဆိုတာ သိလို့ တစ်လစာ ဆေးဖိုးအလှူငွေ သွားပေးဖို့ သမီးဖြစ်သူကို ‌တာဝန်ပေးခဲ့ပြီး ဒီအကြောင်း ဖွင့်ပြောခဲ့တာပါ။ ချိုင်းဒရက်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာပါ။ အခုချိန်မှာတော့ ချိုင်းဒရက်ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေက သူ့ရဲ့ဆေးဖိုးအလှူငွေ ပေးတဲ့ အစဉ်အလာကို ဆက်လက်ထိန်းသိမ်းခဲ့ကြပြီး တစ်လစာ ဆေးဖိုးအလှူငွေပမာဏကလည်း ပိုများလာခဲ့ပါပြီ။

Ref: For 10 Years, An Alabama Farmer Secretly Paid People’s Pharmacy Bills

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top