ပြတိုက်ဝန်ထမ်းက ပန်းချီကားအစစ်တွေကို ရောင်းစားပြီး အတုတွေနဲ့ အစားထိုးလဲလှယ်

3.10.23-yyl-7.jpg

ဂျာမနီနိုင်ငံက ပြတိုက်ဝန်ထမ်းတစ်ဦးဟာ ပန်းချီကားအစစ်တွေကို ရောင်းစားခဲ့ပြီး အတုတွေနဲ့ လဲလှယ်အစားထိုးခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံခဲ့ရသူဟာ မြူးနစ်မြို့မှာရှိတဲ့ Deutsches Museum ရဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး အသက် ၃၀ အရွယ် ရှိပါပြီ။ ဂျာမနီနိုင်ငံရဲ့ ဥပဒေအရ သူ့အမည်ကို ခွဲခြားဖော်ပြခြင်း မရှိပါဘူး။

သူဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်ကြားကာလအတွင်း အနည်းဆုံး ပန်းချီကားအစစ် ၄ ကားကို ရောင်းစားခဲ့ပြီး အတုတွေနဲ့ လဲလှယ်အစားထိုးခဲ့တာပါ။ ပန်းချီကားအစစ်တွေကို လေလံပြပွဲတွေမှာ ရောင်းချခဲ့ပြီး အဲဒီက ရလာတဲ့ငွေနဲ့ အကြွေးတွေဆပ်ကာ တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းတွေ ဝယ်ယူခဲ့ပါတယ်။

သူ ရောင်းစားခဲ့တဲ့ ပန်းချီကားတွေထဲမှာ ဂျာမနီပန်းချီဆရာ ဖရန့်ဗွန်စတက်ရဲ့ The Tale of the Frog Prince ပန်းချီကားလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီပန်းချီကားက သူ့ရဲ့ဘိုးဘွားပိုင်ပစ္စည်းဆိုပြီး လေလံပွဲမှာ ရောင်းချခဲ့တာဖြစ်ပြီး အနည်းဆုံး ယူရို ၅၀၀၀၀ ကျော် ရရှိခဲ့ပါတယ်။

သုတေသီတစ်ဦးက ပန်းချီကားလက်ရာတွေ ကွဲလွဲနေတာကို သတိထားခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရာမှာ တခြားပန်းချီကားအစစ် ၃ ကားလည်း ပျောက်ဆုံးနေတာကို တွေ့ရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ ပြတိုက်ဝန်ထမ်းရဲ့ လုပ်ရပ်ကို ဖော်ထုတ်နိုင်ခဲ့ပြီး တရားရုံးက သူ့ကို ဆိုင်းငံ့ထောင်ဒဏ် ၂၁ လ ချမှတ်ကာ ပြတိုက်ကို အမေရိကန်ဒေါ်လာ ၆၄၀၀၀ ကျော် ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

Ref: Man Fakes His Own Death So His Wife Would Stop Asking Him for Money
By Spooky on August 13th, 2018 Category:

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top