ကဲ အလုပ်ပိတ်ရက်မှာ အိမ်တွင်းအောင်းပရိတ်သတ်လေးတွေ အပန်းဖြေကြည့်ရှူနိုင်ဖို့ဇာတ်ကားကောင်းလေးတွေကို ညွှန်းပေးလိုက်ပါတယ်နော်။
Hello Stranger(Thai)
ဒီထိုင်းကားလေးကတော့ သွက်သွက်လက်လက်လေးနဲ့ ပေါ့ပေါ့ပါးပါး ကြည့်လို့ရမယ့်ကားလေးပါ။ အားလပ်ရက်မှာ ကိုရီးယားကို အပန်းဖြေခရီးထွက်လာတဲ့ ထိုင်းကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ဟာ အမှတ်မထင်တွေ့ဆုံခဲ့ကြပါတယ်။ စိတ်ပြေလက်ပျောက်ထွက်လာတဲ့ ကောင်မလေးနဲ့ သူငယ်ချင်းတွေဆေးထိုးလိုက်လို့ ရောက်လာတဲ့ကောင်လေး သူတို့နှစ်ယောက် ကိုရီးယားမှာ ဘယ်လိုတွေဆုံတွေ့လို့ ဘယ်လိုအလွဲတွေလုပ်ကြမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ကိုရီးယား drama တွေထဲ ပါနေကျ locationလေးတွေကို ထည့်ရိုက်ထားပါတယ်။ ဒီဇာတ်ကားလေးကြည့်နေရင်း တွေးမိတာက မမြင်ရတဲ့၊ မှန်းဆရခက်တဲ့ ကံတရားဟာ လုံးဝအဆက်အစပ်မရှိတဲ့ လူနှစ်ယောက်ရဲ့ အနာဂတ်ကို ဘယ်လိုများခြယ်လှယ်နိုင်မလဲဆိုတာပါ။ အဆုံးသတ်ကကော မျှော်လင့်ထားသလို happy ending ဖြစ်နိုင်ပါ့မလားဆိုတာ ဒီဇာတ်ကားလေးကို ကြည့်ရင်း ရှာဖွေကြည့်နိုင်ပါတယ်။ မင်းသားမင်းသမီးတွေကလည်း ပရိသတ်နဲ့မစိမ်းတဲ့သူတွေပါ။
Dear Other Self(Philippines)
ဘက်ကီဟာ သူမဘဝတစ်လျှောက်လုံးကို မိသားစုအတွက်မြုပ်နှံပေးထားတဲ့ မိန်းကလေးတစ်ယောက်ပါ။ ပုံမှန်အတိုင်း ကျောင်းပြီးတယ်။ လုပ်ငန်းခွင်ဝင်တယ်။ အလုပ်ကြိုးစားတယ်။ ပုံမှန်ဘဝတစ်ခုလို ရိုးရှင်းစွာဖြတ်သန်းတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ နက်နက်ရှိူင်းရှိူင်းငြိတွယ်နေတဲ့ ဆန္ဒတစ်ခုရှိပါတယ်။ ဒါကတော့ ကမ္ဘာ့နေရာအနှံ့ လှည့်လည်သွားလာရင်း စွန်႔စားခန်းလေးတစ်ခု ဖွင့်ချင်တာပါပဲ။ ဖြစ်စဉ်အချို့ဆက်တိုက်ဖြစ်သွားတဲ့ညတစ်ညမှာ သူမရဲ့ရွေးချယ်မှုအပေါ် မူတည်ပြီး သူမဘဝတစ်ခုလုံးပြောင်းလဲပစ်နိုင်တာကို တွေ့ရှိသွားပါတယ်။ ဘက်ကီက ဘယ်တစ်ခုကို ရွေးချယ်လိမ့်မလဲ။ ပရိသတ်အနေနဲ့ရော ဘယ်တစ်ခုကို ရွေးချယ်ချင်မလဲဆိုတာ စိတ်ဝင်စားစရာ အရမ်းကောင်းတာမို့ အခုလိုအားလပ်ရက်လေးမှာ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။
Baywatch (English)
အခုလို ပူအိုက်နေတဲ့ရာသီမှာ စိတ်ကိုလန်းဆန်းလတ်ဆတ်သွားစေမယ့် ကားကောင်းလေးတစ်ကားပါ။ ကမ်းခြေအလှအပတွေ ရိုက်ကူးချက်တွေက ကိုယ်တိုင်ကမ်းခြေရောက် ပြီးဆော့ကစားနေရသလို ခံစားရစေမှာပါ။ ကမ်းခြေစောင့်အဖွဲ့ရဲ့ စွန်႔စားခန်းတွေနဲ့ မင်းသားမင်းသမီးတွေရဲ့ ကျန်းမာသန်စွမ်းတဲ့ခန္ဓာကိုယ်အလှအပတွေက ပရိတ်သတ်ကို ချက်ချင်း Gymဆော့ချင်စိတ်ပေါက်သွားအောင် လုပ်နိုင်မှာပါ။ အေးချမ်းပျော်ရွှင်ဖို့ကောင်းတဲ့ ကမ်းခြေလေးကို လာလှန်႔နှိုးမယ့်အရာတစ်ခုက ကမ်းခြေပေါ် လှိုင်းပုတ်ရင်းလာတင်နေတဲ့ မူးယစ်ဆေးဝါးထုပ်လေးရယ် ဒဏ်ရာဒဏ်ချက်များစွာနဲ့ အလောင်းတွေရယ်ပဲဖြစ်ပါတယ်။ သူတို့ဘယ်လိုတွေ စွန့်စားခန်းဖွင့်ကြမလဲဆိုတာကို ကမ်းခြေအငွေ့အသက်တွေတဝကြီးနဲ့ ကြည့်ရှူရမှာပါ။
Tad, The Lost Explorer and The secret of King Midas(Animation)
ဟိုးအရင်ကထွက်ရှိခဲ့တဲ့ Tad, The Lost Explorerရဲ့အဆက်ပါ။ ၂၀၁၇မှာထွက်ရှိထားတာဖြစ်ပါတယ်။ စွန့်စားခန်းတွေဖွင့်ပြီးနောက် ပြန်လာတဲ့ Tad ဟာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေပါတယ်။ စွန့်စားခန်းအတူဖွင့်ခဲ့တဲ့ သူ့ရဲ့crush လေး Sarah ကတော့ ဆက်လက်စွန့်စားရှာဖွေမှုတွေပြုလုပ်နေရင်း နာမည်ကြီးတစ်ယောက်တောင် ဖြစ်နေပါပြီ။ တစ်ရက်မှာ ဆာရာက သူမရဲ့တွေ့ရှိမှုအသစ်တစ်ခုဖြစ်တဲ့ ဘုရင်Midasရဲ့လည်ဆွဲအပိုင်းကလေးကို မိတ်ဆွေတွေကိုပြသပါတယ်။ တက်ထ်ကိုလည်း ဖိတ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီလည်ဆွဲရဲ့သမိုင်းကြောင်းနဲ့ အစွမ်းသတ္တိကိုသိနေတဲ့ သူဌေးတစ်ယောက်ဟာ လည်ဆွဲအပိုင်းလေးနဲ့ ဆာရာကိုပြန်ပေးဆွဲသွားပါတယ်။ တက်ထ်အနေနဲ့ ဆာရာကိုပြန်ကယ်ရင်း မသမာသူတွေလက်ထဲ လည်ဆွဲအပိုင်းအစေတွ အကုန်မရောက်အောင် ကြိုးစားရင်း စွန့်စားခန်းဖွင့်ရပါတော့တယ်။
Sophia (ရိုးရာလေး)