ပိတ်ရက်အတွင်း ပေါ့ပေါ့ပါးပါးကြည့်စရာ ဇာတ်ကားလေးများ

Hello-Movie.jpg

ကဲ အလုပ်ပိတ်​ရက်​​မှာ အိမ်​တွင်းအောင်းပရိတ်​သတ်​​လေး​တွေ အပန်း​ဖြေကြည့်ရှူနိုင်​ဖို့ဇာတ်ကား​ကောင်း​လေးတွေကို ညွှန်းပေးလိုက်​ပါတယ်​​နော်​။

 

Hello Stranger(Thai)

ဒီထိုင်းကား​လေးက​တော့ သွက်​သွက်​လက်​လက်​လေးနဲ့ ​ပေါ့​ပေါ့ပါးပါး ကြည့်လို့ရမယ့်ကား​လေးပါ။ အားလပ်​ရက်​မှာ ကိုရီးယားကို အပန်း​ဖြေခရီးထွက်​လာတဲ့ ထိုင်း​ကောင်​​လေးတစ်​​ယောက်​နဲ့ ​ကောင်​မ​လေးတစ်​​ယောက်​ဟာ အမှတ်​မထင်​​တွေ့ဆုံခဲ့ကြပါတယ်။ စိတ်​ပြေလက်​​ပျောက်​ထွက်​လာတဲ့ ​ကောင်​မ​လေးနဲ့ သူငယ်​ချင်း​တွေ​ဆေးထိုးလိုက်​လို့ ရောက်​လာတဲ့ကောင်​​လေး သူတို့နှစ်​​ယောက်​ ကိုရီးယားမှာ ဘယ်​လို​တွေဆုံ​တွေ့လို့ ဘယ်​လိုအလွဲ​တွေလုပ်​ကြမလဲဆိုတာ စိတ်​ဝင်​စားစရာပါ။ ကိုရီးယား drama ​တွေထဲ ပါ​နေကျ location​လေး​တွေကို ထည့်ရိုက်ထားပါတယ်​။ ဒီဇာတ်​ကား​လေးကြည့်နေရင်း ​တွေးမိတာက မမြင်ရတဲ့၊ မှန်းဆရခက်​တဲ့ ကံတရားဟာ လုံးဝအဆက်​အစပ်​မရှိတဲ့ လူနှစ်​​ယောက်​ရဲ့ အနာဂတ်​ကို ဘယ်​လိုများခြယ်​လှယ်​နိုင်​မလဲဆိုတာပါ။ အဆုံးသတ်​က​ကော ​မျှော်​လင့်ထားသလို happy ending ဖြစ်​နိုင်ပါ့မလားဆိုတာ ဒီဇာတ်​ကား​လေးကို ကြည့်ရင်း ရှာ​ဖွေကြည့်နိုင်ပါတယ်​။ မင်းသားမင်းသမီး​တွေကလည်း ပရိသတ်​နဲ့မစိမ်းတဲ့သူ​တွေပါ။

 

Dear Other Self(Philippines)

ဘက်​ကီဟာ သူမဘဝတစ်​​လျှောက်​လုံးကို မိသားစုအတွက်​မြုပ်​နှံ​ပေးထားတဲ့ မိန်းက​လေးတစ်​​ယောက်​ပါ။ ပုံမှန်​အတိုင်း ​ကျောင်းပြီးတယ်​။ လုပ်​ငန်းခွင်​ဝင်​တယ်​။ အလုပ်​ကြိုးစားတယ်​။ ပုံမှန်​ဘဝတစ်​ခုလို ရိုးရှင်းစွာဖြတ်​သန်းတယ်​။ ဒါ​ပေမဲ့ သူ့စိတ်​ထဲမှာ နက်​နက်​ရှိူင်းရှိူင်းငြိတွယ်​​နေတဲ့ ဆန္ဒတစ်​ခုရှိပါတယ်​။ ဒါက​တော့ ကမ္ဘာ့​နေရာအနှံ့ လှည့်လည်​သွားလာရင်း စွန်​႔စားခန်း​လေးတစ်​ခု ဖွင့်ချင်တာပါပဲ။ ဖြစ်​စဉ်​အချို့ဆက်​တိုက်​ဖြစ်​သွားတဲ့ညတစ်​ညမှာ သူမရဲ့​ရွေးချယ်​မှုအ​ပေါ် မူတည်​ပြီး သူမဘဝတစ်​ခုလုံး​ပြောင်းလဲပစ်​နိုင်​တာကို ​တွေ့ရှိသွားပါတယ်​။ ဘက်​ကီက ဘယ်​တစ်​ခုကို ​ရွေးချယ်​လိမ့်မလဲ။ ပရိသတ်​အနေနဲ့ရော​ ဘယ်​တစ်​ခုကို ​ရွေးချယ်ချင်​မလဲဆိုတာ စိတ်​ဝင်​စားစရာ အရမ်​း​ကောင်​းတာမို့ အခုလိုအားလပ်​ရက်​​လေးမှာ ကြည့်ရှုသင့်တဲ့ ဇာတ်​ကား​ကောင်းလေးတစ်​ကားပါ။

 

Baywatch (English)

အခုလို ပူအိုက်​​နေတဲ့ရာသီမှာ စိတ်​ကိုလန်းဆန်းလတ်​ဆတ်​သွား​စေမယ့် ကား​ကောင်း​လေးတစ်​ကားပါ။ ကမ်း​ခြေအလှအပ​တွေ ရိုက်​ကူးချက်​​တွေက ကိုယ်​တိုင်​ကမ်း​ခြေ​ရောက်​ ပြီး​ဆော့ကစား​နေရသလို ခံစားရ​စေမှာပါ။ ကမ်း​ခြေ​စောင့်အဖွဲ့ရဲ့ စွန်​႔စားခန်းတွေနဲ့ မင်းသားမင်းသမီး​တွေရဲ့ ကျန်းမာသန်​စွမ်းတဲ့ခန္ဓာကိုယ်​အလှအပ​တွေက ပရိတ်​သတ်​ကို ချက်​ချင်း Gym​ဆော့ချင်​စိတ်​​ပေါက်​သွား​အောင်​ လုပ်​နိုင်​မှာပါ။ ​အေးချမ်းပျော်​ရွှင်​ဖို့​ကောင်းတဲ့ ကမ်းခြေ​လေးကို လာလှန်​႔နှိုးမယ့်အရာတစ်​ခုက ကမ်း​ခြေ​ပေါ် လှိုင်း​ပုတ်​ရင်းလာတင်​​​နေတဲ့ မူးယစ်​​ဆေးဝါးထုပ်​​လေးရယ် ဒဏ်​ရာဒဏ်​ချက်​များစွာနဲ့ အ​လောင်း​တွေရယ်ပဲဖြစ်​ပါတယ်​။ သူတို့ဘယ်​လို​တွေ စွန့်စားခန်းဖွင့်ကြမလဲဆိုတာကို ကမ်းခြေအ​ငွေ့အသက်​​တွေတဝကြီးနဲ့ ကြည့်ရှူရမှာပါ။

 

Tad, The Lost Explorer and The secret of King Midas(Animation)

ဟိုးအရင်​ကထွက်​ရှိခဲ့တဲ့ Tad, The Lost Explorerရဲ့အဆက်​​ပါ။ ၂၀၁၇မှာထွက်​ရှိထားတာဖြစ်​ပါတယ်​။ စွန့်စားခန်း​တွေဖွင့်ပြီး​နောက်​ ပြန်​လာတဲ့ Tad ဟာ ​ဆောက်​လုပ်​​ရေးကုမ္ပဏီတစ်​ခုမှာ အလုပ်​ဝင်​​နေပါတယ်​။ စွန့်စားခန်းအတူဖွင့်ခဲ့တဲ့ သူ့ရဲ့crush ​လေး Sarah က​တော့ ဆက်​လက်​စွန့်စားရှာ​ဖွေမှု​တွေပြုလုပ်​​နေရင်​း နာမည်​ကြီးတစ်​​ယောက်​​တောင်​ ဖြစ်​​နေပါပြီ။ တစ်​ရက်​မှာ ဆာရာက သူမရဲ့​တွေ့ရှိမှုအသစ်​တစ်​ခုဖြစ်​တဲ့ ဘုရင်​Midasရဲ့လည်​ဆွဲအပိုင်​းက​လေးကို  မိတ်​​ဆွေ​တွေကိုပြသပါတယ်​။ တက်​ထ်​ကိုလည်း ဖိတ်​ခဲ့ပါတယ်​။ ဒါ​ပေမယ့်လည်း ဒီလည်​ဆွဲရဲ့သမိုင်းကြောင်းနဲ့ အစွမ်းသတ္တိကိုသိ​နေတဲ့ သူ​ဌေးတစ်​​ယောက်​ဟာ လည်​ဆွဲအပိုင်း​လေးနဲ့ ဆာရာကိုပြန်​​ပေးဆွဲသွားပါတယ်​။ တက်​ထ်​အ​နေနဲ့ ဆာရာကိုပြန်​ကယ်​ရင်း မသမာသူ​တွေလက်​ထဲ လည်​ဆွဲအပိုင်းအစေ​တွ အကုန်​မ​ရောက်​​အောင်​ ကြိုးစားရင်း စွန့်စားခန်းဖွင့်ရပါ​တော့တယ်​။

Sophia (ရိုးရာ​လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top