ငယ်ဘဝပုံရိပ်တွေအတိုင်း ပြန်လည်ဖန်တီးခဲ့ကြသူများ

9-8-2022-yyl-27.jpg

မောင်နှမ (၅) ဦးက သူတို့မိဘတွေရဲ့မင်္ဂလာသက်တမ်း (၅၀) ပြည့်နှစ်အတွက် လက်ဆောင်အနေနဲ့ ငယ်ဘဝပုံရိပ်အတိုင်း ပြန်ဖန်တီးဖြစ်ခဲ့တယ်

ဘယ်သူမဆို ငယ်ဘဝဓာတ်ပုံတွေကို အမှတ်တရအနေနဲ့ အခုအချိန်အထိ သိမ်းထားဖြစ်ကြပါတယ်။ ငယ်ရွယ်စဉ်က မိသားစုနဲ့အတူရိုက်ခဲ့တဲ့ဓာတ်ပုံတွေပဲဖြစ်ဖြစ် မွေးချင်းမောင်နှမတွေနဲ့ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေပဲဖြစ်ဖြစ် အခုအချိန်မှာ အမှတ်ရစရာတွေပါပဲ။

ငိုနေတဲ့ ညီမလေးကို အစ်ကိုဖြစ်သူချော့နေတဲ့ ဓာတ်ပုံအတိုင်း ပြန်ဖန်တီးလိုက်တဲ့အခါ
အချင်းချင်းပွေ့ဖက်နေတဲ့ ငယ်ဘဝပုံရိပ်အတိုင်း ပြန်ဖန်တီးရိုက်ကူးဖြစ်ခဲ့တဲ့ ညီအစ်မ
၁၉၉၉ ခုနှစ်က Disneyland မှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံထဲကအတိုင်း လက်ရှိအချိန်မှာ ပြန်ရိုက်ကူးဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်စု

ဟိုအရင်က အခိုက်အတန့်တွေကို ပြန်မရနိုင်တော့ပေမဲ့ အဲဒီတုန်းကပုံစံအတိုင်း ပြန်လည်ဖန်တီး ရိုက်ကူးလို့ရပါသေးတယ်။ တချို့လူတွေဆိုရင် ငယ်ဘဝအခိုက်အတန့်တွေကို ပြန်လည်ခံစားမိစေဖို့ ငယ်ဘဝပုံရိပ်အတိုင်း ပြန်လည်ဖန်တီးရိုက်ကူးဖြစ်ကြပါတယ်။

လွန်ခဲ့တဲ့ ၁၄ နှစ်က တာ့ဂျ်မဟာရ်မှာ ရိုက်ကူးခဲ့တဲ့ ပုံစံအတိုင်း ပြန်ရိုက်ကူးခဲ့တဲ့မိသားစု
အရင်ကဓာတ်ပုံအတိုင်း အခု ပြန်ဖန်တီးလိုက်တဲ့အခါ
(၅) နှစ်ပြည့်မွေးနေ့ဓာတ်ပုံအတိုင်း အသက် ၃၄ နှစ်မွေးနေ့မှာ ပြန်ရိုက်ခဲ့သူ

လူမှုကွန်ယက်ပေါ်မှာ ငယ်ဘဝပုံရိပ်တွေအတိုင်း ပြန်လည်ဖန်တီးထားတဲ့ပုံတွေအများကြီးတွေ့ရပါတယ်။ ဒါကြောင့် ငယ်ဘဝအမှတ်တရတွေကို ပြန်အသက်သွင်းတဲ့အနေနဲ့ လူတချို့ရိုက်ထားတဲ့ဓာတ်ပုံတွေကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

အမျိုးသမီးတစ်ဦးက သူ ဘွဲ့ယူတာကို သူ့အမေ မြင်တွေ့မသွားရဘဲ သေဆုံးသွားခဲ့တာကြောင့် သူ့အမေ ဘွဲ့ယူခဲ့စဉ် ရိုက်ခဲ့တဲ့ ဓာတ်ပုံအတိုင်း ရိုက်ခဲ့တယ်
အဘွားဖြစ်သူရဲ့ ၈၀ နှစ်ပြည့်မွေးနေ့အတွက် ငယ်ဘဝပုံရိပ်အတိုင်း ပြန်ရိုက်ခဲ့သူ
ဟိုအရင်က ဓာတ်ပုံအတိုင်း ပြန်ရိုက်ခဲ့တဲ့ သားအဖတစ်တွေ
၁၉၉၇ ခုနှစ်က မိခင်ဖြစ်သူက သူ့ကိုချီပြီးရိုက်ထားတဲ့ ဓာတ်ပုံအတိုင်း ၂၀၂၂ ခုနှစ်မှာ သူ့သမီးကို ချီပြီး ရိုက်ခဲ့တဲ့ အမျိုးသမီး

Ref: Brightside “People Who Flawlessly Recreated Their Old Photos”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply