ဘုရင်မကြီးရဲ့ နောက်ဆုံးအချိန်အမီ မရောက်နိုင်ခဲ့တဲ့ မင်းသားဟာရီ

9-9-2022yyl01.jpg

အမေရိကန်မှာ နေထိုင်တဲ့ မင်းသားဟာရီဟာ ဒုတိယမြောက် အဲလိစဘတ် ဘုရင်မကြီးရဲ့ နောက်ဆုံးအချိန်ကို မမီခဲ့ဘူးလို့ ITV ရုပ်သံလိုင်းရဲ့ တော်ဝင်မိသားစုရေးရာ အယ်ဒီတာ ခရစ်ရှစ်က ဖော်ပြခဲ့ပါတယ်။ မင်းသားဟာရီဟာ မီဂန်မာကယ်နဲ့ အိမ်ထောင်ပြုခဲ့ပြီးနောက် တော်ဝင်မိသားစုကို စွန့်ခွာပြီး အမေရိကန်ကို ပြောင်းရွှေ့သွားခဲ့ပေမဲ့ အဘွားဖြစ်သူ အဲလိစဘတ်(၂) ဘုရင်မကြီးနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးရှိတယ်လို့ ခရစ်ရှစ်က ဆိုပါတယ်။

မင်းသားဟာရီဟာ လန်ဒန်မြို့မှာ ကျင်းပမယ့် WellChild ဆုပေးပွဲမှာ မိန့်ခွန်းပြောဖို့ ဗြိတိန်နိုင်ငံကို ရောက်ရှိနေခဲ့သူပါ။ အဲလိစဘတ်(၂) ဘုရင်မကြီး အသည်းအသန် ဖြစ်နေချိန်မှာ ဘယ်မိုရယ်ရဲတိုက်ကို မင်းသားဟာရီ လာနေပြီလို့ သတင်းထွက်ပေါ်ခဲ့ပေမဲ့ သူ လိုက်ပါလာတဲ့ လေယာဉ်ဟာ စကော့တလင်္နနိုင်ငံ အဘားဒင်းလေဆိပ်ကို ညနေ ၆ နာရီ ၄၅ မိနစ်အချိန်မှ ဆိုက်ရောက်ခဲ့တာပါ။

ညနေ ၆ နာရီခွဲမှာ ဘုရင်မကြီး ကွယ်လွန်သွားကြောင်း ဘက်ကင်ဟမ်နန်းတော်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဘုရင်မကြီး ကွယ်လွန်ချိန်မှာ သူ့ရဲ့သားတော်ဖြစ်တဲ့ ချားလ်မင်းသား၊ မင်းသမီး အန်နီ၊ မင်းသား အက်ဒ်ဝပ်၊ မင်းသား အန်ဒရူး၊ မင်းသား ဝီလျံတို့ ဘေးမှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ဒေးလီးမေးလ်သတင်းစာရဲ့ ဖော်ပြချက်အရ ဘုရင်မကြီး ကွယ်လွန်ပြီလို့ ဘက်ကင်ဟမ်နန်းတော်က ကြေညာချက် ထုတ်ပြန်ပြီး ၁ နာရီခွဲလောက်အကြာမှသာ ဘယ်မိုရယ်ရဲတိုက်ကို မင်းသားဟယ်ရီ ရောက်လာခဲ့တယ်လို့ သိရပါတယ်။

Ref: Prince Harry raced across UK but was too late to see the Queen one final time

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top