စက်ဘီးစီးပြီး အပြင်ထွက်ရင် လိုက်နာသင့်တဲ့ တစ်ကိုယ်ရည် သန့်ရှင်းမှု

18-6-2020-yyl-029.jpg

တချို့လူတွေက ကားစီးရတာထက်၊ လမ်းလျှောက်ရတာထက် စက်ဘီးစီးရတာကို ပိုစိတ်ဝင်စားကြပါတယ်။ နီးနီးနားနားနေရာတွေကို သွားမယ်ဆိုရင် ခြေလျင်မလျှောက်တော့ဘဲ စက်ဘီးစီးပြီး သွားကြပါတယ်။ COVID-19 ကာလမှာ Social Distancing စည်းမျဉ်းကို ထိန်းဖို့နဲ့ အများပြည်သူသုံးဘတ်စ်ကားတွေကို ရှောင်ဖို့ စက်ဘီးနဲ့သွားတာက ဘေးကင်းဆုံးနဲ့ သွားလာရလွယ်ကူဆုံးယာဉ်တွေထဲက တစ်ခုလို့ပြောနိုင်ပါတယ်။ Food Delivery တွေဆိုရင်လည်း ပစ္စည်းပို့ပေးတဲ့သူတွေက စက်ဘီးနဲ့ ပို့ပေးကြရပါတယ်။

အခုလိုအချိန်အခါမျိုးမှာ စက်ဘီးစီးတာက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်ရာလည်းရောက်သလို COVID-19 အန္တရာယ်ကနေလည်း ကာကွယ်ရာလည်းရောက်ပါတယ်။ စက်ဘီးစီးအဖွဲ့တွေဆိုရင် ထိရောက်တဲ့ ပို့ဆောင်ရေးစနစ်အနေနဲ့ စက်ဘီးစီးတာကို မြှင့်တင်ပေးဖို့အတွက် အာဏာပိုင်တွေကို ပိုကောင်းတဲ့စနစ်ဖြစ်ဖို့ တွန်းအားပေးနေကြပါတယ်။ ဒါပေမဲ့ COVID-19 ကာလအတွင်းမှာ စက်ဘီးစီးတဲ့သွားတွေလည်း အပြင်ထွက်ရင် ဗိုင်းရပ်စ်ကူးစက်မခံရအောင် ဘေးကင်းရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသင့်ပါတယ်။

စက်ဘီးစီးပြီး အပြင်ထွက်တော့မယ်ဆိုရင် အောက်မှာ ဖော်ပြပေးထားတဲ့အချက်တွေကို စိတ်ထဲမှာ မှတ်ထားသင့်ပါတယ်။

  • အရင်တုန်းက လုပ်ခဲ့ဖူးသလိုမျိုး အဖွဲ့လိုက်စက်ဘီးစီးတာမလုပ်ပါနဲ့။ စက်ဘီးစီးရင်လည်း Social Distancing က အရေးကြီးပါတယ်။ စက်ဘီးစီးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် အချိန်သတ်မှတ်ပေးထားပါ။ စီးပြီးတာနဲ့ အိမ်ကို တန်းပြန်လာပါ။
  • ဒီကပ်ရောဂါအတွင်းမှာ စက်ဘီးစီးဦးထုပ်အပြင် ပါးစပ်နှာခေါင်းစည်းနဲ့ လက်အိတ်တွေကို မဖြစ်မနေဝတ်ဆင်ပေးရပါမယ်။ စက်ဘီးစီးနေရင်လည်း လက်တွေနဲ့ မျက်နှာကို မထိမိမကိုင်မိအောင် ရှောင်ကျဉ်သင့်ပါတယ်။

  • စက်ဘီးစီးတဲ့အခါ သင့်နဲ့အတူ ရေဘူးဆောင်ထားပါ။ အပြင်အစားအစာနဲ့ အချိုရည်၊ သောက်စရာတွေကို စားသုံးခြင်းမှ ဖြစ်နိုင်ရင် ရှောင်ပေးသင့်ပါတယ်။ စက်ဘီးစီးရင်း ခဏနားမယ်ဆိုရင်တောင် လူမများတဲ့ နေရာတွေမှာ ရပ်တန့်ပါ။
  • အရမ်းကြီးအားမစိုက်ပါနဲ့။ စက်ဘီးစီးရင်း ရေဓာတ်ပြည့်ဝအောင်နေပါ။ ပါးစပ်နှာခေါင်းစည်းဝတ်ထားပြီး စက်ဘီးစီးရတာဖြစ်တဲ့အတွက် အသက်ရှုရမခက်ခဲဖို့ ပုံမှန်နှုန်းနဲ့ပဲ စက်ဘီးကို နင်းသင့်ပါတယ်။
  • စက်ဘီးကို ငှားစီးမယ်ဆိုရင်တော့ စက်ဘီးလက်ကိုင်၊ ခြေနင်း၊ စက်ဘီးထိုင်ခုံလို ထိမိကိုင်မိနိုင်တဲ့နေရာအားလုံးကို သန့်စင်ပေးရပါမယ်။
  • လက်သန့်ဆေးရည်ကို ဆောင်ထားပြီး ရေသောက်မယ်ဆိုရင် ရေဘူးကို မကိုင်ခင် လက်သန့်ဆေးရည်ကို သုံးပေးသင့်ပါတယ်။
  • စက်ဘီးစီးပြီး ပြန်ရောက်တာနဲ့ စက်ဘီးကို သန့်စင်ပေးသင့်ပါတယ်။ ပြီးရင် အိမ်အပြင်ဘက် ဘေးကင်းတဲ့နေရာမှာ စက်ဘီးကို ထားတာအကောင်းဆုံးပါပဲ။ ဖိနပ်တွေကိုလည်း သေချာသန့်စင်ပေးပြီး ခြောက်သွေ့အောင် နေရောင်အောက်မှာ ထားပါ။ အခြားအရာတွေမလုပ်ခင် ချက်ချင်းပဲ အဝတ်တွေကို လျှော်ပစ်ပြီး ရေချိုးပစ်သင့်ပါတယ်။

Ref: Personal hygiene measures to follow while going out for cycling

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top