ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို အရာဝတ္တုပစ္စည်းတွေအဖြစ် ပြန်လည်ဖန်တီးနေတဲ့ အိန္ဒိယအမျိုးသမီးငယ်နှစ်ဦး

13.1.2025-yyl-7.jpg

အိန္ဒိယနိုင်ငံမှ စွန့်ဦးတီထွင်သူ အမျိုးသမီးနှစ်ဦးဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို အသုံးပြုပြီး ခုံတန်းလျား၊ အမှိုက်ပုံး၊ ပန်းအိုး အစရှိတဲ့ ပစ္စည်းတွေ ဖန်တီးလျက်ရှိပါတယ်။

ပလတ်စတစ်ညစ်ညမ်းမှုဆိုတာ ရေရှည်တည်တံ့တဲ့ အနာဂတ်ဖြစ်ပေါ်ရေးကို အကြီးအကျယ် စိန်ခေါ်နေတဲ့ အကြောင်းအရာတစ်ခုပါ။ ရေနေသတ္တဝါတွေကို ထိခိုက်ပျက်စီးစေနိုင်တာ၊ စိုက်ပျိုးဖြစ်ထွန်းနိုင်စွမ်းကို လျော့ကျစေတာ၊ လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတာတွေအပြင် ကမ္ဘာတစ်ဝန်း ကာဗွန်ထုတ်လွှတ်မှုရဲ့ ၃ ရာခိုင်နှုန်းကနေ ၄ ရာခိုင်နှုန်းဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။

ဆိုနယ်နဲ့ ဗိုင်ဘက်ဗ်ဆိုတဲ့ စွန့်ဦးတီထွင်သူ အမျိုးသမီးနှစ်ဦးဟာ ဟိမဝန္တာတောင်တက်ခရီးမှာ သူတို့ကြုံတွေ့ခဲ့တဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ econscious လို့အမည်ရတဲ့ လုပ်ငန်းတစ်ခုကို တည်ထောင်ခဲ့ကြတာပါ။

ပုံမှန်အားဖြင့် ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့ လုပ်ငန်းစဉ်မှာ အရည်ကျိုပြီး ကော်စေ့အဖြစ် အသွင်ပြောင်းကြလေ့ရှိပေမဲ့ ဆိုနယ်နဲ့ ဗိုင်ဘတ်ဗ်ကတော့ ဒီအဆင့်ကို ကျော်လွှားပြီး ပလတ်စတစ် ကြိတ်ဖက်တွေကို ဖိစက်သုံးကာ ဘုတ်ပြားချပ်တွေ ဖန်တီးတာဖြစ်ပါတယ်။ ဒါဟာ စွမ်းအင်သုံးစွဲမှုကို လျှော့ချပြီး ထွက်ကုန်ပစ္စည်းတွေရဲ့ အရည်အသွေးကို တိုးတက်ကောင်းမွန်စေဖို့ ရည်ရွယ်တာလို့ သူတို့က ဆိုပါတယ်။

လက်ရှိအချိန်ထိတော့ econscious ဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်း ၃၅၀၀၀၀ ကီလိုဂရမ်ကို အရာဝတ္တုပစ္စည်းတွေအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။

Ref: Plastic Waste Into Park Benches? Here’s How 2 Entrepreneurs Are Making It Possible
NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top