အန်ဒီလောင်းရဲ့ဟောင်ကောင်ဖျော်ဖြေပွဲအတွင်း နောက်ပြောင်ဖုန်းခေါ်ဆိုမှု ၈ ခုကို ရဲတွေ လက်ခံရရှိခဲ့

16.1.2025-yyl-5.jpg

အဆိုတော် အန်ဒီလောင်းရဲ့ The Day Tour နောက်ဆုံးဖျော်ဖြေပွဲကို ဇန်နဝါရီ ၁၀ ရက်နေ့က Hong Kong Coliseum အားကစားကွင်းမှာ ပြုလုပ်ခဲ့တာပါ။ အဲ့ဒီဖျော်ဖြေပွဲအတွင်း ဟောင်ကောင်ရဲတွေက နောက်ပြောင်ဖုန်းခေါ်ဆိုမှုတွေလက်ခံရရှိခဲ့ပါတယ်။

အန်ဒီလောင်းရဲ့ဖျော်ဖြေမှု စတင်ပြီး နာရီဝက်အကြာမှာ ရဲတွေက ည ၈ နာရီ ၅၁ မိနစ်မှာ ပထမဆုံးဖုန်းလက်ခံရရှိခဲ့ပါတယ်။ ဖုန်းခေါ်ဆိုသူက Coliseum ရဲ့ ဝန်ထမ်းတစ်ဦးလို့ယူဆရပြီး ဇာတ်ခုံနောက်ဖက်မှာ လျှပ်စစ်ကြိုးရှော့ဖြစ်ပြီး မီးလောင်ကာ သူတို့ထိခိုက်ဒဏ်ရာရထားတယ်လို့ ပြောကြားခဲ့တာပါ။ မီးသတ်အဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေက အခင်းဖြစ်ရာနေရာဆီ အမြန်သွားတော့ ဘာမှမဖြစ်တာကို တွေ့ရှိခဲ့ရပါတယ်။

မီးသတ်သမားတွေထွက်သွားပြီး ၁ မိနစ်အကြာမှာ နောက်ထပ်ဖုန်းခေါ်မှုလက်ခံရရှိခဲ့ပါတယ်။ အားကစားကွင်းအပြင်ဘက်မှာ သံသယဖြစ်ဖွယ်ကားတစ်စီးရပ်ထားတယ်လို့ သတင်းပို့ခဲ့တာပါ။ နောက်ထပ်ဖုန်းခေါ်ဆိုမှုကတော့ အားကစားကွင်းအတွင်း ရန်ပွဲဖြစ်နေတယ်လို့ အကြောင်းကြားခဲ့တာပါ။ သူတို့ပြောတဲ့နေရာတွေကို ရဲတွေရောက်သွားတော့ ဖုန်းခေါ်ဆိုမှု ၂ ခုလုံးက နောက်ပြောင်မှုဖြစ်မှန်းသိခဲ့ရပါတယ်။

အဲ့ဒီညမှာ နောက်ထပ် ဖုန်းခေါ်မှု ၅ ခု ဆက်တိုက်လက်ခံရရှိခဲ့ပါတယ်။ ပွဲကြည့်ပရိသတ်တစ်ဦး နေထိုင်မကောင်းဖြစ်နေတယ်၊ အားကစားကွင်းဝင်ပေါက်မှာ တစ်စုံတစ်ယောက်မူးလဲနေတယ်လို့ ဖုန်းဆက်ပြောခဲ့တာပါ။ ဆေးဘက်ဆိုင်ရာအဖွဲ့သွားတော့ ဖုန်းခေါ်ဆိုမှုတွေက နောက်ပြောင်မှုတွေဖြစ်နေခဲ့ပါတယ်။ ပွဲကြည့်ခုံတစ်ခုမှာ သံသယဖြစ်ဖွယ်အဖြူရောင်အမှုန့်တွေတွေ့တယ်လို့လည်း ဖုန်းဆက်လာပြန်ပါတယ်။ ဒါကလည်း နောက်ပြောင်ဖုန်းခေါ်ဆိုမှုပါပဲ။

နောက်ထပ် ဖုန်းခေါ်ဆိုမှု ၂ ခုကိုတော့ ည ၁၀:၃၃ မိနစ်မှာ ခေါ်ဆိုခဲ့တာဖြစ်ပြီး စတိတ်စင်မှာ ဗုံးတပ်ဆင်ထားတယ်လို့ ဆိုပါတယ်။ ရဲတွေလက်ခံရရှိခဲ့တဲ့ ဖုန်းခေါ်ဆိုမှုတွေက နံပါတ်တစ်ခုတည်းဖြစ်နေခဲ့ပါတယ်။ ဖုန်းခေါ်ဆိုသူကိုတော့ ရှာမတွေ့နိုင်ခဲ့ပါဘူး။ စုံစမ်းစစ်ဆေးမှုတွေကို လုပ်ဆောင်နေတုန်းပါပဲ။

Ref: Police Received 8 Prank Calls, Including A Bomb Hoax, During Andy Lau’s Hong Kong Concert

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top