တစ်ပင်တည်းမှာ အာလူးရော၊ ခရမ်းချဉ်သီးပါ သီးတဲ့ အာလူးခရမ်းချဉ်ပင်

p0mato.jpg

ကိုင်းကူး ကိုင်းဆက် နည်းပညာနဲ့ ဖန်တီးထားတဲ့ အာလူးခရမ်းချဉ်ပင် (Pomato)ဟာ တစ်ပင်တည်းမှာပဲ အာလူးရော၊ ခရမ်းချဉ်သီးပါ ရရှိနိုင်တဲ့အပင် ဖြစ်ပါတယ်။

မျိုးဗီဇအားဖြင့် ကွာခြားတာကြောင့် အလေ့ကျ (သို့မဟုတ်) အစေ့ကနေ စိုက်ပျိုးမရနိုင်ပေမဲ့ ကိုင်းကူး ကိုင်းဆက်နည်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ ပင်စည်မှာ ချယ်ရီခရမ်းချဉ်သီး သီးပြီး အမြစ်မှာတော့ အာလူးတွေ ရရှိမှာပါ။

တစ်ပင်တည်းကနေ သီးနှံ ၂ မျိုး ရရှိတာကြောင့် မြေနေရာ အကျယ်အဝန်း သိပ်မရှိတဲ့နေရာတွေမှာ စိုက်ပျိုးဖို့ အထူးသင့်တော်တယ်လို့ သတ်မှတ်ထားကြပါတယ်။

Ref: Pomato

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top