ရွှေတံဆိပ်ဆုရအိုလံပစ်ဘောလုံးသမားကနေ ကိုဗစ်လူနာတွေကို ကုသပေးနေရတဲ့ ဆရာဝန်ဖြစ်လာခဲ့သူ

3-11-2020-yyl-013.jpg

လက်ရှိအချိန်အခါမှာ ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်နေရတာဟာ အရင်က ကျွန်တော်တို့ မမြင်ဘူးခဲ့တဲ့အရာပါပဲ။ ကိုရိုနာဗိုင်းရပ်စ်ကို ရှေ့တန်းကနေ တွန်းလှန်ပေးနေတဲ့ ဆရာဝန်မလေးတစ်ဦးကတော့ ခက်ခဲတဲ့တိုက်ပွဲအကြောင်းကို တော်တော်လေးသိတဲ့သူပါပဲ။ ရစ်ချယ် ဘူးချ်လာ ဗန် ဟိုလ်လီဘီကီ (Rachel Buehler Van Hollebeke) ဆိုတဲ့ အဲဒီဆရာဝန်မလေးဟာ အရင်က အိုလံပစ်ဘောလုံးသမားတစ်ယောက်ဖြစ်ခဲ့တာပါ။ ပရောဖက်ရှင်နယ်အားကစားသမားဖြစ်ခဲ့စဉ်ကလည်း အခုလိုခက်ခဲတဲ့တိုက်ပွဲတွေကို ကျော်ဖြတ်ခဲ့ရတာပါပဲ။

ရစ်ချယ်က World Cup မှာ ဝင်ပြိုင်ခဲ့ပြီး အိုလံပစ်ရွှေတံဆိပ်ဆု (၂) ဆုကို ရရှိခဲ့တာပါ။ အခုတော့ သူဟာ ဆန်ဒီရေဂိုဆေးရုံမှာ လူနာတွေကို ကုသပေးနေတဲ့ဆရာဝန်တစ်ယောက်ဖြစ်နေပါပြီ။ ဘောလုံးသမားတစ်ယောက်ကနေ ဆေးဘက်ဆိုင်ရာလောကထဲကို ယူဆောင်လာခဲ့တဲ့ အရည်အချင်းတွေက ဘာလဲလို့မေးရင် ရစ်ချယ်က “အဖွဲ့ရဲ့ပူးပေါင်းဆောင်ရွက်မှု၊ အဖွဲ့တစ်ဖွဲ့မှာ ကိုယ့်ရဲ့ကျရာနေရာကို နားလည်မှု၊ အလုပ်ကျင့်ဝတ်ရှိမှု၊ ဆုံးဖြတ်ချက်ချနိုင်မှုတို့ပါပဲ” လို့ ဆိုပါတယ်။

ရစ်ချယ်က COVID-19 ကပ်ရောဂါမဖြစ်ပွားခင်မှာ ဆေးကျောင်းကနေ ဘွဲ့ရရှိခဲ့တာပါ။ ရစ်ချယ်က ဘွဲ့ရပြီးတာမကြာသေးခင်မှာပဲ အကျပ်အတည်းကို ကိုယ်တိုင်မြင်တွေ့နေရပါတယ်။”ကြောက်ရွံ့တတ်တဲ့လူတစ်ယောက်လို မဖြစ်ချင်ဘူး။ ဒါပေမဲ့ ဒါက တကယ်ကို အန္တရာယ်ရှိတဲ့ရောဂါပါပဲ။ လူနာတိုင်း ကြုံတွေ့ခဲ့ရတယ်။ တစ်စုံတစ်ယောက်က ကိုဗစ်ရောဂါပိုးရှိနေပြီးဆိုရင် မင်းတို့ ပြင်ဆင်ထားရပါမယ်” လို့ ရစ်ချယ်က ပြောပါတယ်။

ရစ်ချယ်တို့မိသားစုက ဆရာဝန်မျိုးရိုးရှိပါတယ်။ ရစ်ချယ်က ဆရာဝန်မျိုးရိုးလိုက်တာဖြစ်ပါတယ်။ သူ့ရဲ့အဖေက ဆရာဝန်ဖြစ်တဲ့အပြင် သူ့ညီမလေးကလည်း ဆရာဝန်ပါပဲ။ “လူတွေကို ဂရုစိုက်ပေးရတဲ့ ဆရာဝန်မျိုးရိုးရှိတဲ့မိသားစုရှိတဲ့အတွက် အရမ်းဂုဏ်ယူမိတယ်” လို့ ရစ်ချယ်က ဆိုပါတယ်။ အခုဆိုရင် ဆရာဝန်မလေးရစ်ချယ်က နယ်ပယ်နှစ်ခုမှာ စံပြပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေပါတယ်။

Ref: CBSNews “Olympic gold medal-winning soccer player is now a doctor treating coronavirus patients”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top