အထက်တန်းကျောင်းဘွဲ့ရတွေနဲ့အတူ ဘွဲ့နှင်းအပ်ခံခဲ့ရတဲ့ ကုထုံးခွေးလေး

23.6.2023-yyl-8.jpg

နယူးဂျာစီပြည်နယ်က ကုထုံးခွေးလေးတစ်ကောင်ဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုခံရတဲ့အနေနဲ့ အထက်တန်းကျောင်းဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခုမှာ ဂုဏ်ပြုခံခဲ့ရပါတယ်။ ဇွန်လ ၂၁ ရက်နေ့က စပစ်ဖီဆိုတဲ့ အဲဒီခွေးလေးက Scotch Plains-Fanwood High School (SPFHS) မှာ အထက်တန်းကျောင်းဘွဲ့ရတွေနဲ့အတူ ဘွဲ့နှင်းအပ်ခံခဲ့ရတာပါ။

ပြီးခဲ့တဲ့ နွေဦးရာသီမှာ အသက် ၃ နှစ်အရွယ် ဂိုးလ်ဒင်း ရီထရီဗာခွေးအမျိုးအစား စပစ်ဖီလေးက အသိအမှတ်ပြုကုထုံးခွေးလေးဖြစ်လာဖို့ နာခံမှုသင်တန်းနဲ့ အဆင့်မြင့်လေ့ကျင့်မှုတွေကို အောင်မြင်ခဲ့တာပါ။ သူ့ရဲ့ကြိုးစားအားထုတ်မှုအားလုံးကို အသိအမှတ်ပြုပြီး တစ်နှစ်တာ တာဝန်ထမ်းဆောင်နိုင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ စပစ်ဖီလေးက ၂၀၂၃ ခုနှစ်အတန်းရဲ့ ဂုဏ်ထူးဆောင်ဘွဲ့ရတစ်ဦးဖြစ်လာခဲ့ပါတယ်။

စပစ်ဖီက သတ်မှတ်ထားတဲ့ အတန်းတွေနဲ့ ကလပ်အစည်းအဝေးတွေဆီ သွားလည်တာတွေမလုပ်ခင် မနက်တိုင်း ကျောင်းသား/သူတွေကို နှုတ်ဆက်လေ့ရှိပါတယ်။ သူက စိတ်ဖိစီးနေတဲ့ ကျောင်းသား/သူတွေရဲ့စိတ်ကို တည်ငြိမ်အောင်လည်း ကူညီပေးပါတယ်။ “ကိုဗစ်ကြောင့် လူတော်တော်များများရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေး ထိခိုက်ခဲ့ရတယ်။ ကျွန်တော်တို့ ကျောင်းပြန်လာတဲ့အချိန် စင်္ကြံလမ်းမှာ စပစ်ဖီကို မြင်တွေ့ရတာ ပျော်ရွှင်ခဲ့ရပါတယ်”လို့ ဘွဲ့ရ အီသန် ဖီလ်လာက ဆိုပါတယ်။

မကြာသေးခင်က စပစ်ဖီဟာ Mental Health Awareness Club အထက်တန်းကျောင်းပွဲမှာ ရှိုးရဲ့စတားဖြစ်ခဲ့တာပါ။ စာသင်နှစ်က ပြီးဆုံးတော့မှာဖြစ်ပေမဲ့ စပစ်ဖီက တိုးချဲ့ပညာသင်နှစ်အစီအစဉ်တွေမှာ ပါဝင်သွားမယ့် ကျောင်းသား/သူတွေနဲ့အတူ သူ့တာဝန်တွေကို ဆက်ပြီးထမ်းဆောင်သွားမှာဖြစ်ပါတယ်။

Ref: Adorable therapy dog honored at high school graduation

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top