သူ့ရဲ့သဘောဆန္ဒမပါဘဲ ပရိသတ်တွေ ဗီဒီယိုရိုက်ကူးမှတ်တမ်းတင်ကို တားဆီးဖို့ ကိုယ်ရံတော်တွေ ငှားထားတဲ့ ပရီရန်ကာ ချိုပရာ

0213_Priyanka-Chopra.jpg

နာမည်ကြီးမင်းသမီး ပရီရန်ကာ ချိုပရာဟာ သူ အပြင်ထွက်တဲ့အခါ ဖုန်းတွေနဲ့ မှတ်တမ်းတင်ခံရတာကို မကြိုက်ဘူးလို့ ဝန်ခံခဲ့ဖူးပါတယ်။ ဒါကြောင့်ပဲ အခုဆို သူဟာ ဖုန်းတွေနဲ့ ပရိသတ်တွေ ဗီဒီယိုရိုက်တာကို ဟန့်တားဖို့ လုံခြုံရေးအဖွဲ့ကို ငှားထားပါတယ်။

Golden Globe ဆုပေးပွဲကို ဂုဏ်ပြုဆင်နွှဲတဲ့ ပါတီတုန်းက ပရီရန်ကာတို့ဇနီးမောင်နှံကို ကိုယ်ရံတော်တွေနဲ့ တွေ့ခဲ့ရတာနဲ့ပတ်သက်ပြီး အင်တာဗျူးမှာ မေးမြန်းခဲ့တာပါ။

“တစ်စုံတစ်ယောက်က ကျွန်မ့ဆီလာပြီး ဓာတ်ပုံရိုက်တာက အဆင်ပြေပါတယ်။ ကျွန်မဆီလာပြီး စကားပြောတဲ့လူတွေကို ချစ်တယ်ဆိုတာ ကိုယ်ရံတော်တွေက သိပါတယ်။ ကျွန်မရဲ့သဘောဆန္ဒမပါလဲ ဗီဒီယိုမှတ်တမ်းမတင်ခံရဖို့အတွက် ကိုယ်ရံတော်တွေရှိနေကြတာပါ။ ကျွန်မရဲ့ဆန္ဒမပါဘဲ မှတ်တမ်းတင်ခံရတာ မကြာခဏဖြစ်နေတယ်။ အထူးသဖြင့် ကျွန်မရဲ့သမီးနဲ့ ရှိနေတဲ့အချိန်ပဲ။ ကျွန်မတို့ပန်းခြံထဲရောက်နေတဲ့အချိန်၊ ရေခဲမုန့်စားနေတဲ့အချိန်တွေမှာပါ။ ကျွန်မ အဲ့ဒါတွေကို လူမှုကွန်ယက်ပေါ်မှာ မြင်တွေ့ရတယ်။ ကျွန်မရဲ့လုံခြုံရေးက အဲ့ဒီအကြောင်းပြချက်အတွက်ပါပဲ။ အဲ့ဒီအတွက်မဟုတ်ရင် ကျွန်မ ကိုယ်ရံတော်မလိုပါဘူး။ ဘယ်သူမှလည်း ကျွန်မကို မသတ်ပါဘူး”လို့ ပရီရန်ကာက ပြောခဲ့ပါတယ်။

ပရီရန်ကာနဲ့ နစ်ခ် ဂျိုးနက်စ်တို့ဟာ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး မာလ်တီ မေရီကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အငှားကိုယ်ဝန်နဲ့ မွေးဖွားခဲ့တာပါ။ အခုဆို မာလ်တီ မေရီလေးက အသက် ၄ နှစ်ပြည့်သွားခဲ့ပါပြီ။

Ref: Priyanka Chopra hires bodyguards to stop fans filming her ‘without consent’

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top