သာမန်စားသောက်ဆိုင်တစ်ဆိုင်မှာလာစားရင်း ပြည်သူတွေနဲ့ တရင်းတနှီးရှိနေခဲ့တဲ့ မလေးရှားဘုရင်

yyl59004.jpg

မကြာသေးခင်ကမှ နန်းတက်ခဲ့တဲ့ မလေးရှားဘုရင် ဆူတန် အက်ဒူလာ ရီအာရာတူဒင် (Sultan Abdullah Ri’ayatuddin) ဟာ ဘုရင်ဖြစ်ပေမဲ့လည်း အခြားသူတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်တဲ့သူဆိုတာကို Istana Negara အမည်ရတဲ့ အင်စတာဂရမ်အကောင့်မှာ တင်ခဲ့တဲ့ပုံတွေက သက်သေပြလို့နေပါတယ်။

မလေးရှားဘုရင်က ဒုတိယဝန်ကြီးချုပ်နဲ့ အစည်းအဝေးလုပ်ပြီးတဲ့နောက်မှာ စားသောက်ဆိုင်တစ်ခုကို သွားခဲ့တာဖြစ်ပါတယ်။ Istana Negara အင်စတာဂရမ်အကောင့်က စားသောက်ဆိုင်ကို လာစားသောက်ခဲ့တဲ့ ဘုရင်ရဲ့ ဓာတ်ပုံ (၃) ပုံတင်ခဲ့ပါတယ်။ မလေးရှားဘုရင်က စားပွဲခုံတစ်ခုတည်းမှာ အခြားလူ (၂) ယောက်နဲ့ ထိုင်ပြီး စကားပြောနေခဲ့သလို စားသောက်ဆိုင်ကိုလာစားတဲ့သူတွေနဲ့လည်း ရင်းရင်းနှီးနှီးပြောဆိုနေတာကို ပုံတွေထဲမှာ တွေ့ခဲ့ရပါတယ်။

မလေးရှားနိုင်ငံရဲ့ဘုရင်တစ်ပါးဖြစ်ပေမဲ့လည်း အခြားသူတွေလိုပဲ စားသောက်ဆိုင်မှာ စားခဲ့တာက ဒါဟာ ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ အရင်တုန်းကလည်း KFC ကို အလည်လာခဲ့ပြီး အခြားဧည့်သည်တွေလို ကြက်ကြော်ယူဖို့ တန်းစီစောင့်ခဲ့ဖူးပါတယ်။

ဆူတန် အက်ဒူလာ ရီအာရာတူဒင်က ပြည်သူတွေရဲ့မတော်တဆဖြစ်ပွားမှုတစ်ခုကို သူ့ရဲ့မော်တော်ယာဉ်တန်းကိုရပ်စေပြီး ဆင်းကြည့်တဲ့အထိ ုပြည်သူတွေအပေါ်အလေးထားဂရုစိုက်တတ်တဲ့ဘုရင်တစ်ပါးလို့လည်း သိရပါတယ်။

Ref: Animal.mom.me “Malaysian King shows down-to-earth side as he enjoys casual meal at nasi lemak restaurant”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top