ကမ္ဘာအဆင့် (၁) Solar Inverter ထုတ်လုပ်သည့် GoodWe မှ 2026 Myanmar Power and Solar Photovoltaic Energy Storage Expo မှာ အောင်မြင်စွာပါဝင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ပြည့်ဖြိုးမြဲ စွမ်းအင် အကူးအပြောင်း ကို ရေရှည်ပံ့ပိုး ကူညီမည်ဖြစ်ကြောင်းထားရှိသော ကတိကဝတ်ကို ထပ်မံပြုလိုက်ခြင်းဖြစ်ပါသည်။ နိုင်ငံအတွင်း လွှမ်းမိုးမှု အရှိဆုံး Energy Exhibitions တစ်ခုဖြစ်ပြီး အစိုးရကိုယ်စားလှယ်အဖွဲ့များ၊ Industry အတွင်းမှ ခေါင်းဆောင်များ၊ Project Developer များ၊ EPC မှတာဝန်ရှိသူများ နှင့် မီဒီယာများ တက်ရောက်ကာ အနာဂတ် လျှပ်စစ်စွမ်းအားထုတ်လုပ်မှု နှင့် စွမ်းအင်သိုလှောင်မှု အခန်းကဏ္ဏ ကို လေ့လာနိုင်ရန်အတွက် စုစည်းပေးထားသည့် ပွဲလည်းဖြစ်ပါသည်။

ဒီပြပွဲအတွင်း အဓိက Key Highlight အနေဖြင့် အကြီးစားစီးပွားရေးလုပ်ငန်း နှင့် စက်မှုလုပ်ငန်းသုံး နေရောင်ခြည် စွမ်းအင် စီမံကိန်းများတွင် မြင့်မားသောစွမ်းဆောင်ရည်နှင့် ယုံကြည်စိတ်ချရစေရန် အတွက်ဒီဇိုင်း ထုတ်ထားသော C&I GT Series inverters များပါဝင်ပြသထားပြီး စွမ်းအင်အခက်အခဲရှိသောပတ်ဝန်းကျင်များတွင် တည်ငြိမ်ပြီး ပြုပြင်လွယ်သော စွမ်းအင်အပေါ်မှာ တိုးတက်နေသည့်၀ယ်လိုအားကို ဖြေရှင်းပေးနိုင်မည့် ESA Series 125 kW/216kWh စွမ်းအင်သိုလှောင်မှုစနစ် တို့ကိုပါ ပြသခဲ့ပါသည်။ GoodWe သည် လူနေအိမ်ကဏ္ဍအနေဖြင့် အိမ်ပိုင်ရှင်များအတွက် နေရောင်ခြည်စွမ်းအင်နှင့် ဘက်ထရီပေါင်းစပ်မှုက တစ်ဆင့် ပိုမိုကြီးမားပြီး လွတ်လပ်သော စွမ်းအင်ကို ပေးဆောင်နိုင်သည့် ET LV hybrid inverter ကိုလည်း ပြပွဲအတွင်း ပြသခဲ့ပါသည်။

Expo အတွင်း GoodWe ပါဝင်ပြသခြင်း၏ အဓိကအထူးခြားဆုံးအချက်မှာ 3–6 kW single-phase မော်ဒယ်များဖြင့် ရရှိနိုင်သော EO G2 off-grid inverter အသစ်ကို တရားဝင်မိတ်ဆက်ထားနိုင်ခြင်းဖြစ်သည်။ ဓာတ်အားလိုင်း မရရှိသော အခြေအနေ နှင့် ဓာတ်အားလိုင်းအားနည်းသော အခြေအနေများအတွက် အထူးဒီဇိုင်းထုတ်ထားပြီး EEO G2 features 1–2 MPPTs ၊ စနစ်ကိုလိုက်ဖက်ညီမှုမြင့်မားခြင်း နှင့် ခိုင်မာသောစွမ်းဆောင်ရည်တို့ ပါရှိသောကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဝေးလံခေါင်သီသောနေရာများနှင့် ကျေးလက်ဒေသလျှပ်စစ်ဓာတ်အားသုံးစွဲမှု၊ သီးခြားနေရောင်ခြည်စွမ်းအင် စနစ်များ အတွက် အကောင်းဆုံးဖြေရှင်းချက်တစ်ခုဖြစ်စေပါသည်။
အဆိုပါပွဲတွင် GoodWe ၏ ပြခန်းသို့ လာရောက်သော စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး၊ အနုပညာရှင်များနှင့် မီဒီယာအဖွဲ့ဝင်များအား ကြိုဆိုဧည့်ခံရင်း မြန်မာနိုင်ငံအတွက် ကုန်အမှတ်တံဆိပ် မြင်သာထင်သာရှိစေမှုအတွက် အရေးကြီး သော မှတ်တိုင်တစ်ခုဖြစ်စေခဲ့ပါသည်။ ထို့အပြင် GoodWe ၏ အမြင်များ၊ နည်းပညာဆိုင်ရာ လမ်းပြမြေပုံများ နှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော စွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်အတွက် ထားရှိသော ကတိကဝတ်ကို မျှဝေရန် အတွက် ထုတ်ကုန်များအကြောင်း သီးသန့်ရှင်းလင်းခြင်းကဏ္ဏ နှင့် မီဒီယာများမှသိလိုသည့် အမေးအဖြေများကို ပြုလုပ်ခဲ့ ပါသည်။ ထိုသို့ဆောင်ရွက်မှုများသည် ဒေသတွင်း ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ဈေးကွက်တွင် ယုံကြည်စိတ်ချရသော နည်းပညာ မိတ်ဖက်ကုမ္ပဏီတစ်ခုအဖြစ် GoodWe ၏ ရပ်တည်မှုကို ပိုမိုခိုင်မာစေခဲ့ပါသည်။

ဆက်လက်ပြီး GoodWe အနေဖြင့် နိုင်ငံ၏ ရေရှည်တိုးတက်မှုနှင့် ပိုမိုစိမ်းလန်းသော စွမ်းအင်အနာဂတ်ကို မောင်းနှင်ရန် အတွက် ဆန်းသစ်သော ထုတ်ကုန်များ၊ နည်းပညာပံ့ပိုးမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းမှုများကို ရင်းနှီးမြုပ်နှံသွားမည် ဖြစ်ပါသည်။
NZ (ရိုးရာလေး)

