အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ဒီဇင်ဘာလကုန်အထိ ထပ်မံတိုးမြှင့်

1-12-2020-yyl-021.jpg

ရန်ကုန်၊ ဒီဇင်ဘာ (၁)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာထိန်းချုပ်နိုင်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပျံသန်းပြေးဆွဲပေးနေ‌တဲ့ အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်ဆိုင်းခြင်းကာလကို ထပ်မံတိုးမြှင့်ရန် မြန်မာနိုင်ငံ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဗဟိုကော်မတီမှ သဘောတူ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနေနဲ့ ကန့်သတ်ကာလအတွင်း အရေးပါတဲ့ ကယ်ဆယ်ရေးနဲ့ ကုန်စည်သယ်ယူ ပို့ဆောင်ရေးခရီးစဉ်များ ပြေးဆွဲပျံသန်းမှုကို ပုံမှန်အတိုင်း ဆက်လက်ဝန်ဆောင်မှု ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်တွင်း လေကြောင်းလိုင်းတွေ ပြေးဆွဲပျံသန်းခွင့် ကန့်သတ်ချက်ကို နိုဝင်ဘာ(၁၅) ရက်နေ့မှ နိုဝင်ဘာ(၃၀)ရက်နေ့အထိ သတ်မှတ်ထားပြီး ယခုထုတ်ပြန်ချက်မှာ ပြည်တွင်းလေကြောင်းလိုင်းတွေနဲ့ပတ်သက်တဲ့ ကြေညာချက်တစ်စုံတစ်ရာမပါရှိပေ။

Photos- Yangon Aerodrome

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top