Prudential နှင့် Flexible Pass တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝ ပိုမို တိုးတက်မြင့်မားလာစေရန် ဆောင်ရွက်မည်

image-1.png

အာရှထိပ်တန်း အသက်အာမခံလုပ်ငန်းကြီးဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ Prudential Myanmar Life Insurance Ltd. (Prudential Myanmar) မှာ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ကျန်းမာရေးနှင့် ကာယကြံ့ခိုင်ရေးဆိုင်ရာ အက်ပလီကေးရှင်းဖြစ်သည့် Flexible Pass နှင့်လက်တွဲကာ မြန်မာနိုင်ငံရှိ မိသားစုနှင့် လူမှုအသိုက်အဝန်းများအကြား ပျော်ရွှင်ကျန်းမာသည့် လူနေမှုဘဝ ပိုမို တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီး အထူးသီးသန့် ဒစ်ဂျစ်တယ် ဦးစားပေး ပူးပေါင်းဆောင်ရွက်မှုတစ်ခု စတင်လိုက်ပြီ ဖြစ်ပါသည်။

Flexible Pass ကို ၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး အသုံးပြုသူများအား ရန်ကုန်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့များရှိ gyms ၊ fitness centres နှင့် hotels ပေါင်း (၁၈၀) တွင် ကျန်းမာရေးနှင့် ကာယကြံ့ခိုင်ရေးဆိုင်ရာ လှုပ်ရှားမှု အမျိုး အစားပေါင်း (၃၀) အထိ ပြုလုပ်နိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ကိုယ်ကာယကြံ့ခိုင်ရေးစင်တာများတွင် ပေး ရသည့်ပုံမှန်ဈေးထက် ပိုမို သက်သာသော Flexible Pass ပွိုင့်များ အသုံးပြု၍ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် လစဉ် booking ပေါင်း (၂,၅၀၀) ကျော် ဆောင်ရွက်လျက်ရှိပြီး ပုံမှန် အသုံးပြုသူပေါင်း (၁,၀၀၀) ကျော်အတွက် ဝန်ဆောင်မှု ပေးနေသော ပလက်ဖောင်း တစ်ခုဖြစ်သည်။

လာမည့် လအနည်းငယ်အတွင်း မြန်မာနိုင်ငံရှိ ပြည်သူများအားလုံး ကျန်းမာရေး စောင့်ရှောက်မှုများကို ဈေးနှုန်း သက်သာစွာဖြင့် အလွယ်တကူ ချိတ်ဆက်ရယူနိုင်ရန် ရည်ရွယ်၍ Prudential Myanmar ၏ ပထမဦးဆုံးသော ဒစ်ဂျစ်တယ်နည်းပညာသုံး ကျန်းမာရေးဆိုင်ရာ မိုဘိုင်းအက်ပလီကေးရှင်းတစ်ခုဖြစ်သည့် “Pulse by Prudential” ကို စတင်မိတ်ဆက်မည် ဖြစ်ပါသည်။ အဆိုပါ အက်ပလီကေးရှင်းဖြင့် (လူသားဉာဏ်ရည်တု) AI နည်းပညာအသုံးချ ကျန်းမာရေးဆိုင်ရာ အချက်အလက်များနှင့် တစ်ကိုယ်ရေ ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်သွားမည် ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top