နိုင်ငံခြားဝန်ထမ်းများလာတဲ့ ရန်ကုန်

night-view-of-yangon-cityscape-myanmar-burma-PUBXC8X-e1564399320688.jpg

မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စပြီး တစ်စတစ်စ ပြောင်းလဲလာပြီ ဆိုတာ အသေအချာပါပဲ။ နိုင်ငံခြား ရင်းနှီးမြုပ်နှံ့မှုတွေ အတော်များများ ဝင်လာပြီးနောက် ထိုအခြေအနေနဲ့အတူ နိုင်ငံတကာက ကျွမ်းကျင်ဝန်ထမ်းများ INGO အလုပ်လုပ်ကိုင်ကြတဲ့ နိုင်ငံခြားသားများဟာ ရန်ကုန်မြို့မှာ အတော်လေး နေရာချလာတာကို တွေ့ရပါတယ်။

ကျွမ်းကျင်လုပ်သား နည်းပါးတဲ့ မြန်မာနိုင်ငံမှာ မိမိဝန်ထမ်းများကို အတွေ့အကြုံနဲ့ အရည်အချင်းရှိအောင် ကုမ္ပဏီများမှလည်း ယခင်ကနဲ့မတူ ကြိုးစားလာကြပြီ ဖြစ်ပါတယ်။ ဝန်ထမ်းများကို စီမံကွတ်ကဲဖို့ အကြံဥာဏ်ကောင်းများ ချမှတ်ပေးဖို့ နိုင်ငံခြားသား ဝန်ထမ်းများကို အကြီးပိုင်း ရာထူးများနဲ့ ခန့်အပ်ပြီး နောက်ပိုင်းမှာ ကုမ္ပဏီတိုင်းလိုလို နိုင်ငံခြားသားများကို ထည့်သွင်း ခန့်အပ်လာတာကို တွေ့ရပါတယ်။

အနည်းဆုံး မိမိတို့ ဝန်ထမ်းများ ဘာသာစကား အတားအဆီးကို ကျော်ဖြတ်နိုင်ဖို့နဲ့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ အရေးကြီးတဲ့ အင်္ဂလိပ် ဘာသာစကားကို ပြောရဲ ဆိုရဲ ရှိလာစေဖို့ဆိုတဲ့ အကြောင်းပြချက်များနဲ့နိုင်ငံခြားသား ဝန်ထမ်းများ ပေါများလာပါတယ်။

ထို့အတူ နဂိုကထဲက အရည်အချင်းရှိတဲ့ လုပ်ရည်ကိုင်ရည် စည်းစနစ်ကျတဲ့ နိုင်ငံခြားသား ဝန်ထမ်း ဈေးကွက်ဟာ ကြီးမားလာတဲ့ နောက်မှာတော့ ရန်ကုန်မြို့မှာရှိတဲ့ အိမ်ခြံမြေ အငှားဈေးကွက်ဟာလည်း ကောင်းလာပါတယ်။ လုပ်ငန်း ပရောဂျက် အရ (၆)လတန်သည် တစ်နှစ်တန်သည် လာရောက်နေထိုင်ကြတဲ့ နိုင်ငံခြားသားများဟာ မိမိတို့ နေထိုင်ရာနေရာအတွက် အေးဂျင့်များနဲ့ လက်မလည်အောင် အလုပ်ရှုပ်နေရပါသေးတယ်။

နိုင်ငံခြားသားများ အိမ်ငှားတဲ့ အခါမှာ မိမိတို့ အလုပ်နဲ့နီးတဲ့နေရာကို ပထမဦးဆုံး ရွေးတက်ကြပါတယ်။ အဓိက ငှားတက်ကြတဲ့ နေရာများကတော့ ရန်ကုန်မြို့မှာဆိုရင် မြို့တွင်းပိုင်း နေရာများကို ငှားတက်ကြပါတယ်။ ပန်းခြံ၊ ရေကန်တို့နဲ့နီးပြီး မနက်စောစော အားကစားလုပ်ဖို့ နေရာ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ နေရာမျိုးကို ပိုသဘောကျတက်ကြပါတယ်လို့ ဆိုပါတယ်။

ဦးစားပေးငှားတက်တဲ့ နေရာတွေကတော့ ဗဟန်း၊ကမာရွတ်၊ ရန်ကင်း၊ မရမ်းကုန်းစတဲ့ နေရာများ ဖြစ်တယ်လို့ iMyanmar ရဲ့ နိုင်ငံခြားသားများနဲ့ အိမ်အငှားအကြောင်းအရာ ဆောင်းပါး တစ်ခုမှာ မျှဝေထားပါတယ်။

မြန်မာနိုင်ငံသားများ အနေနဲ့ မိမိတို့ လုပ်ငန်းခွင်မှာ ကျွမ်းကျင်မှုရှိရင် နိုင်ငံခြားသား ဝန်ထမ်းများလို တန်းတူနီးပါး ရပိုင်ခွင့် ရှိလာမှာ ဖြစ်ပါတယ်။

မိမိတို့ အရည်အချင်းနဲ့ လုပ်နိုင်စွမ်းကို ကန့်သတ်မထားဘဲ အပြည့်အဝ အသုံးချပေးရင် မိမိနဲ့ ထိုက်တန်တဲ့ အခွင့်အရေးကို မလွဲရရှိမှာပါ။ များပြားလာတဲ့ နိုင်ငံခြားသား ဝန်ထမ်းများနဲ့လည်း မိမိတို့အနေနဲ့ အကျိုးရှိအောင် အပြန်အလှန် ဆက်ဆံမှုပြုရင်း မိမိကိုယ်ကိုယ် တိုးတက်မှုဖြစ်အောင် ဖော်ဆောင်နိုင်ဖို့ရေးသားလိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top