ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်စေနိုင်သော နောက်ဆက်တွဲများ

yyl-001-3.jpg

သိပ္ပံပညာရှင်များက လက်ရှိကမ္ဘာ့ ပင်လယ်ရေမျက်နှာပြင်သည် တွက်ချက် ခန့်မှန်းထားသည်ထက်ကို လျှင်မြန်စွာ သိသိသာသာ မြင့်တက်၍နေသည် ဟု ယုံကြည်ကြသည်။ ယခုဆိုလျှင် စုစုပေါင်း ပင်လယ် ရေမျက်နှာပြင် မီတာ ၂၁၀၀ အထိ အမြင့်ဆုံး မြင့်တက်လာခဲ့ပြီဖြစ်သည်။ ယခုကဲ့သို့ ဆက်လက်မြင့်တက်နေမည်ဆိုလျှင် Greenland နှင့် Antarctic အရှေ့ပိုင်း နှင့် အနောက်ပိုင်း ဝန်းကျင်ရှိ လူပေါင်း သိန်း ရာပေါင်းကျော်ကို ပြောင်းရွှေ့ နေရာချထားရမည် ဖြစ်ပြီး Antarctic တိုက်ကြီးသည် တဖြေးဖြေး ပျောက်လို့သွားမည် ဖြစ်သည်။ ထောင်သောင်းများစွာသော ပင်ဂွင်းများလည်း မျိုးသုဉ်း ပျောက်ဆုံးသွားဖွယ်ရှိသည်။

လွန်ခဲ့သော ရက်ပိုင်းကပင် သိပ္ပံပညာရှင်များသည် ယခုလက်ရှိဖြစ်ပေါ်နေသော စိုးရိမ်ဖွယ် အခြေအနေကြောင့် Greenland နှင့် Antarctic အရှေ့ပိုင်း နှင့် အနောက်ပိုင်း ဝန်းကျင်တွင် လေ့လာစောင့်ကြည့် တိုင်းတာမှုများ ပြုလုပ်ကာ ရေပြင် အမှတ်သည် ၆၂ မီတာမှ ၂၃၈ မီတာကြား ပျမ်းမျှ မြင့်တက်နေသည် ကို မှတ်တမ်းရရှိသည်။ ဒါသည် ကမ္ဘာကြီး၏ ပျှမ်းမျှ အပူချိန် 5C ဖြစ်သည် ဟုဆိုပြီး အဆိုးဝါးဆုံးသော အပူချိန်မှတ်တမ်း ဟုလည်း သတ်မှတ်ကြသည်။

Greenland တွင် ရှိသည့် ရေခဲပြင်သည် အကြီးဆုံး ဖြစ်ပြီး အပူချိန် မြင့်တက်မှု အလွန်မြင့်မားလာပါက ထိုရေခဲပြင် နှင့် Antarctic မှ ရေခဲပြင်များ လျှင်မြန်စွာ အရည်ပျော်လာလျှင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုသည် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ထိုဖြစ်စဉ်ကို ကြုံခဲ့ပါက Antarctic သည် မတည်ငြိမ်သော နေရာတစ်ခုဖြစ်လာပြီး ရေခဲပြင်ကုန်းမြေ ၁.၇၉ မီလီယံ စတုရန်း ကီလိုမီတာ သည် ပျောက်ဆုံးသွားမည်ဖြစ်ကာ ကမ္ဘာ့ ဟန်ချက်မညီခြင်း ကို ဖြစ်ပေါ်စေမည်။ အဓိက ဆုံးရှုံးမှုမှာ စိုက်ပျိူးရေးပင် ဖြစ်ပြီး တစ်ဆက်တည်းမှာပင် အစာရေစာရှားပါးမှုပြဿနာများကို ကြုံတွေ့လာရမည်။ ကမ္ဘာ့ အဓိက မြို့ကြီးများဖြစ်သည့် New York, London နှင့် Shanghai မြို့ကြီးများတွင် လူအများ စားသောက်နေထိုင်ရန် စတင် ခက်ခဲလာမည်ဖြစ်ပြီး Europe တစ်ဝှမ်းတွင် Greenland နှင့် Antarctic အနီးတစ်ဝိုက်မှ ဒုက္ခသည်များ ဖြင့် လူဦးရေ အဆမတန် သိပ်သည်းလာကာ ဆူပူမအေးချမ်းမှုများ ဖြစ်လာပေမည်။

မေ(ရိုးရာလေး)

www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top