Hall ခန်းပေါင်း (၆) ခန်းပါတဲ့ Mega Ace Cineplex Royal Class ရုပ်ရှင်ရုံသစ်ကြီးဖွင့်လှစ်

megace08.jpg

ရုပ်ရှင်ကားကောင်းကောင်းတွေနဲ့ သက်တောင့်သက်သာနဲ့ သီးသန့်ကြည့်ရှုချင်တဲ့ ရုပ်ရှင်ချစ်ပရိသတ်ကြီးတွေအတွက်၊ အားလပ်ရက်မှာ ကိုယ်ချစ်ရတဲ့မိသားစုနဲ့အတူရုပ်ရှင်ကြည့်ပြီး အပန်းဖြေချင်တဲ့သူတွေအတွက် Mega Ace Cineplex Royal Class ရုပ်ရှင်ရုံအသစ်ကို Time Cityမှာ ဖွင့်လှစ်လိုက်ပါပြီ။ ဒီရုပ်ရှင်ရုံသစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့က နိုင်ငံကျော်အနုပညာရှင်များ၊ အတိုတော်များ၊ ဧည့်သည်တော်များနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Mega Ace ရုပ်ရှင်ရုံသစ်ကို ရုပ်ရှင်ချစ်ပရိသတ်ကြီးအတွက် ရုပ်ရှင်ကားကောင်းကောင်းတွေကို သက်တောင့်သက်သာနဲ့ သီးသန့်ကြည့်ချင်  သူတွေအတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့တာပါ။ Mega Ace Cineplex Royal Class ရုပ်ရှင်ရုံအသစ်ကြီးမှာ Hall ခန်းပေါင်း ၆ ခန်းရှိပြီး VIP Hall ၂ ခန်း၊ Premium Hall ၃ ခန်း နဲ့ Kids Hall ၁ ခန်းတို့နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီMega Ace Cineplex Royal Class ရုပ်ရှင်ရုံ သစ်ကို Times Mall ၇ လွှာ၊ Times City Complexမှာ ဖွင့်လှစ်ထားပါတယ်။

Mega Ace ရုပ်ရှင်ရုံမှာ ရုပ်ရှင်ပရိသတ်တွေအတွက် တစ်နေရာတည်းမှာ ကောင်းမွန်တဲ့ အသံစနစ်၊ အလင်းစနစ်၊ ကျယ်ဝန်းတဲ့ ခေတ်မီ ထိုင်ခုံတွေနဲ့ သင့်တင့်မျှတတဲ့ရုပ်ရှင်လက်မှတ်ဈေးနှုန်းတွေနဲ့ မိမိစိတ်ကြိုက်ရုပ်ရှင်ဇာတ်ကားတွေကြည့်ရှုနိုင်အောင် ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

ကျင်းပပြုလုပ်ခဲ့တဲ့ ဒီရုပ်ရှင်ရုံသစ်ဖွင့်ပွဲအခမ်းအနားမြင်ကွင်းပုံရိပ်တွေကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top