လိုနာဝလတောင်စခန်းမြို့က အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာပြည်နယ်မှာ ရှိတယ်။ လိုနာဝလမြို့ကနေ ၁၅ ကီလိုမီတာ ဝေးတဲ့နေရာမှာတော့ ရှာယာဒရီတောင်ခြေက စိမ်းစိုတဲ့ ရာဇမာချီရွာငယ်လေး ရှိနေပါတယ်။ အင်္ဂလိပ် – မာရသီ ပထမစစ်ပွဲမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ရာဇမာချီခံတပ် ၂ ခုကလည်း ရာဇမာချီရွာငယ်လေးမှာ တည်ရှိတာပါ။
ပိုးစုန်းကြူးရာသီ ရောက်ပြီဆိုရင်တော့ ရာဇမာချီရွာငယ်လေးရဲ့ ညအလှက ထူးခြားပေါ်လွင်လှပါတယ်။ မိုးဦးအကြိုကာလဖြစ်တဲ့ မေလနဲ့ ဇွန်လကြားအတွင်း ပိုးစုန်းကြူးသောင်းချီကို မြင်တွေ့ရမှာပါ။
Ref: rajmachi fireflies
NZ (ရိုးရာလေး)