အလုပ်အင်တာဗျူး လာဖြေသူတွေနဲ့ ဘီယာအတူတူသောက်၊ လမ်းအတူတူ လျှောက်ပြီးမှ အင်တာဗျူး လုပ်လေ့ရှိတဲ့ စတိဗ်ဂျော့

9.8.23-yyl-25.jpg

Apple ကုမ္ပဏီ အမှုဆောင်ချုပ် (ဟောင်း) စတိဗ်ဂျော့ သက်ရှိထင်ရှား ရှိစဉ်က ဝန်ထမ်းသစ်ခေါ်ဖို့ အလုပ်အင်တာဗျူး လုပ်တဲ့အခါ အင်တာဗျူး လာဖြေသူနဲ့ ဘီယာအတူတူ သောက်တာ၊ ပန်းခြံထဲ အတူတူ လမ်းလျှောက်တာမျိုးလုပ်ပြီး မေးခွန်းမေးလေ့ရှိတယ်လို့ as.com က ဖော်ပြပါတယ်။

ခေါက်ရိုးကျိုးနေတဲ့ အစဉ်အလာတွေထဲက ခွဲထွက်ချင်တဲ့ စတိဗ်ဂျော့ဟာ ပုံသေကားကျ အင်တာဗျူး အမေး – အဖြေတွေကို ငြီးငွေ့ပြီး ရိုးရိုးရှင်းရှင်း ပွင့်ပွင့်လင်းလင်း စကားပြောရတာကို နှစ်သက်သူပါ။ ဒါကြောင့် အင်တာဗျူး လာဖြေတဲ့သူတွေ ပေါ့ပေါ့ပါးပါးဖြစ်အောင် ဘီယာအတူတူသောက်၊ လမ်းအတူတူလျှောက်ပြီး သူ မေးချင်တာတွေကို ဒဲ့ဒိုးမေးတယ်လို့ ဆိုပါတယ်။

” မင်းဘဝမှာ အောင်မြင်မှုရတယ်လို့ ခံစားခဲ့ရတဲ့ နောက်ဆုံးအချိန်က ဘယ်တုန်းကလဲ။ ပြီးခဲ့တဲ့ နွေရာသီမှာ ဘာလုပ်ခဲ့သလဲ” ဆိုတဲ့ မေးခွန်းမျိုးကို စတိဗ်ဂျော့က မေးလေ့ရှိပြီး တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှု တည်ဆောက်ကာ အင်တာဗျူးလာဖြေသူအကြောင်း ကောင်းကောင်းသိအောင် လုပ်လေ့ရှိပါတယ်။

စတိဗ်ဂျော့က သက်ဆိုင်ရာ နယ်ပယ်မှာ အထူးချွန်ဆုံးသူတွေ Apple ကုမ္ပဏီအတွက် တစ်စုတစ်စည်းတည်း အလုပ်လုပ်ကြအောင် ရည်မှန်းခဲ့သူဖြစ်ပြီး သူ့ရဲ့ ပြောင်မြောက်တဲ့ လုပ်ဆောင်မှုတွေကြောင့်လည်း Apple ကုမ္ပဏီဟာ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီအဖြစ် ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

Ref: Steve Jobs had a ‘beer test’ he would use for interviewing people at Apple

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top