ဆယ်စုနှစ်ကျော်ကြာအောင်ကြိုးစားပြီးနောက် အသက် ၅၀ အရွယ်မှာ ကလေးယူနိုင်ခဲ့တဲ့ အမျိုးသမီး

25-11-2021yyl1.jpg

ကလေးရဖို့ နှစ်တော်တော်ကြာကြိုးစားလာခဲ့တဲ့ ဆူဆီ ထရိုလာ (Susie Troxler) ဆိုသူ အမျိုးသမီးက မိခင်တစ်ယောက်ဖြစ်ချင်တဲ့ အိပ်မက်ကို အသက် ၅၀ အရွယ်မှာ အကောင်အထည်ဖော်နိုင်ခဲ့ပါပြီ။ သူ့ရဲ့ပထမဆုံးကလေးကို စက်တင်ဘာလက မွေးဖွားခဲ့ပါတယ်။ဆူဆီ နဲ့ သူ့ခင်ပွန်း တိုနီ (Tony) တို့က (၁၃) နှစ်ကြာ အတူရှိခဲ့ကြပြီး အမြဲတမ်း ကလေးတစ်ယောက်လိုချင်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ ဒေါက်တာ ကာရိုလင် ဟာရာဝေး စမစ်သ် (Carolyn Harraway-Smith) နဲ့ မတွေ့ဆုံမိခင်ထိပါပဲ။

“ကျွန်မတို့ လက်ထပ်တဲ့အခါ လူအများစုလိုပဲ ကိုယ်ဝန်ရလာလိမ့်မယ်လို့ ထင်ခဲ့တာ။ ၁နှစ်ကနေ ၂ နှစ် ပြီးတော့ ၃နှစ်ကြာသွားတယ်။ ၉နှစ်၊၁၀နှစ်၊ ၁၁ နှစ်ကြာသွားတော့ ကျွန်မတို့ တစ်ခုခုတော့ဖြစ်နေပြီ။ ဘာဖြစ်မှန်းတော့ ကျွန်မ သေချာမသိခဲ့ဘူး”လို့ ဆူဆီက ဆိုပါတယ်။ သူနဲ့ သူ့ခင်ပွန်း (အသက် ၆၁နှစ်) တို့နှစ်ဉီးစလုံးက ကလေးရနိုင်ဖို့ ဆေးဘက်ဆိုင်ရာပြဿနာတချို့ရှိခဲ့တယ်။ ဒါ့အပြင် အမျိုးသမီးတွေက အသက်ကြီးလာတာနဲ့အမျှ မျိုးပွားနိုင်စွမ်း ကျဆင်းလာတယ်လို့ ဆူဆီက ပြောပါတယ်။

ဒါပေမဲ့ နှစ်စဉ်ကျန်းမာရေးစစ်ဆေးမှုပြုလုပ်စဉ်အတွင်း ဆူဆီက အမျိုးသမီးကျန်းမာရေးဆရာဝန် ဟာရာဝေး စမစ်သ် နဲ့တွေ့ဆုံမိခဲ့ပါတယ်။ “ကျွန်မ ကျန်းမာရေးစစ်ဆေးမှုပြီးခါနီးမှာ ဒေါက်တာ ဟာရာဝေး စမစ်သ်က “တစ်ခုခုပြောစရာရှိနေတာလား။ စိုးရိမ်စရာတစ်ခုခုရှိနေတာလား” လို့ ကျွန်မကို မေးခဲ့တယ်။ ဒေါက်တာသာ ဒီမေးခွန်းကို မမေးခဲ့ရင် အခုလို ဒီကလေးလေးကို ရခဲ့မှာမဟုတ်ဘူး” လို့ ဆူဆီက ပြောပါတယ်။

ဆူဆီက ဒေါက်တာ ဟာရာဝေးကို မိခင်တစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ သူနဲ့သူ့ခင်ပွန်းက ကလေးရဖို့ ကြိုးစားနေရတယ်လို့ ပြောခဲ့ပါတယ်။ ဒေါက်တာမက In-Vitro Fertilization နည်းလမ်းနဲ့ ကလေးယူကြည့်ဖို့ အကြံပေးခဲ့ပါတယ်။ ဒေါက်တာမက ဆူဆီတို့ကို ကိုယ်တိုင်ရွေးချယ်ခွင့်ပြုခဲ့တာပါ။ IVF လို့ လူသိများတဲ့ In-vitro fertilization ဆိုတာက သန္ဓေသားဖြစ်လာဖို့ အမျိုးသမီးတစ်ဉီးရဲ့သားဉအိမ်ကနေ မျိုးဉကို စုဆောင်းပီး သုတ်ပိုးနဲ့ မျိုးအောင်တဲ့ ရှုပ်ထွေးလှတဲ့လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ကလေးမွေးဖွားဖို့အတွက် အဲဒီသန္ဓေသားလောင်းကို သားအိမ်ထဲမှာ အေးခဲထားရပါတယ်။

ဒီအသက်အရွယ်မှာ လူတိုင်း ကိုယ်ဝန်ဆောင်နိုင်ဖို့ မဖြစ်နိုင်သလို ကိုယ်ဝန်ပျက်ကျတာနဲ့ ဆီးချိုရောဂါ အပါအဝင် ကျန်းမာရေးအခြေအနေတွေနဲ့ မိခင်နဲ့ ကလေးရော အသက်အန္တရာယ်များတယ်လို့ ဒေါက်တာ ဟာရာဝေး စမစ်သ်က ပြောခဲ့ပါတယ်။ ဒါပေမဲ့ ဆူဆီတို့ဇနီးမောင်နှံက IVF နည်းလမ်းနဲ့ ကလေးယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဆူဆီက IVF နည်းနဲ့ အဆင်ပြေချောမွေစွာ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပြီး သမီးလေး လီလီ (Lily) ကို စက်တင်ဘာ ၂၉ ရက်နေ့က အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတယ်။ လီလီက ကိုယ်အလေးချိန် ၅ ပေါင် ၁၂ အောင်စနဲ့ မွေးဖွားလာခဲ့တာပါ။ အသက်ကြီးမှ မိဘတွေဖြစ်ရလို့ ဆူဆီတို့ ဇနီးမောင်နှံက ဝမ်းသာမဆုံးဖြစ်ခဲ့ရပါတယ်။

Ref: CBSNews & GMA “Woman gives birth to 1st child at 50, following years of infertility”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top