မျက်မှောက်ခေတ် ရေသန့်စနစ်မှာ သုံးခဲ့တဲ့နည်းလမ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက မာယာလူမျိုးများ အသုံးပြုခဲ့

water1.png

သိပ္ပံပညာရပ်ဆိုတဲ့ အသုံးအနှုန်းမပေါ်ခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက မာယာလူမျိုးတွေဟာ မီးတောင်ကျောက်တွေကို အသုံးပြုပြီး အံ့အားသင့်ဖွယ်ကောင်းတဲ့ ရေသန့်စင်ရေးစနစ်တစ်ခုကို တည်ဆောက်ခဲ့ကြပါတယ်။

ဂွါတီမာလာနိုင်ငံမြောက်ပိုင်း တီကယ်ရှေးဟောင်းမြို့မှာ တူးဖော်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တဲ့ ရှေးဟောင်းသုတေသီတွေဟာ မာယာလူမျိုးတွေ တည်ဆောက်ခဲ့တဲ့ ကော်ရီယန်တယ်ဆည် ရေသန့်စင်ရေးစနစ်ကို တွေ့ရှိခဲ့တာပါ။


ဘီစီ ၃၀၀ ဝန်းကျင်က တီကယ်မြို့က စတင်ထူထောင်ပြီး သိပ်မကြာခင်မှာပဲ မာယာလူမျိုးတွေက ဆီလီကွန်နဲ့ အလူမီနီယမ်ဒြပ်ပေါင်းဖြစ်တဲ့ သလင်းကျောက်၊ မီးတောင်ချော်ကျောက်တွေကို အသုံးပြုပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ အဏုဇီဝပိုးမွှားတွေ၊ သတ္တုအမှုန်အမွှားတွေနဲ့ အခြားအမှိုက်သရိုက်ပစ္စည်းတွေကို ဖယ်ရှားပေးနိုင်မယ့် ” မော်လီကျူးရေစစ်”စနစ်ကို တည်ဆောက်ခဲ့တာပါ။ မာယာလူမျိုးတွေရဲ့ ရေသန့်စနစ်မှာ အသုံးပြုခဲ့တဲ့ ဒြပ်ပစ္စည်းတွေဟာ မျက်မှောက်ခေတ် ရေသန့်စနစ်တွေမှာ အသုံးပြုနေတာနဲ့ အတူတူပါပဲ။

မာယာလူမျိုးတွေဟာ တီကယ်မြို့ အရှေ့မြောက်ဘက် ၁၈ မိုင်အကွာမှာ သလင်းကျောက်နဲ့ မီးတောင်ကျောက်တွေကြောင့် သဘာဝအတိုင်း သန့်စင်တဲ့ရေ ထွက်နေတာကို တွေ့ရှိခဲ့ပြီး သူတို့ရဲ့ ဆည်ရေသန့်စင်ရေးစနစ်အတွက် သလင်းကျောက်နဲ့ မီးတောင်ချော်ကျောက်တွေကို အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်လို့ သုတေသီတွေက ရေးသားခဲ့ပါတယ်။

Ref: Researchers Uncover 2,000-Year-Old Maya Water Filtration System

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top