နှစ်သစ်မှာ ဈေးနှုန်းသစ်တွေဖြစ်သွားတဲ့ V7 နဲ့ V7+

Vivo-V7.png

နှစ်သစ်ကူး အခါသမယကို ကြိုဆိုသောအားဖြင့် Vivo က သူတို့ရဲ့ နောက်ဆုံးထုတ်ကုန်တွေဖြစ်တဲ့ V7 နဲ့ V7+ ကို ဝယ်ယူသူတွေအတွက် အထူးအစီအစဉ် တစ်ရပ်ကို ပြုလုပ်လိုက်ပါတယ်။ ဒါကတော့ ဝယ်ယူသူတွေကို မေတ္တာလက်ဆောင်အနေနဲ့ ငွေပြန်ပေးတာပါပဲ။

V7+ ကိုဝယ်ယူသူတွေအတွက် ကျပ်ငွေ သုံးသောင်း ပြန်လည် ပေးအပ်သွားမှာ ဖြစ်ပြီး V7 ကိုဝယ်ယူသူတွေအတွက် ကျပ်ငွေ နှစ်သောင်း ပြန်လည် ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် V7+ ကိုဝယ်ယူရင် ၃၉၉,၀၀၀ ကျပ်သာကုန်ကျတော့မှာ ဖြစ်ပြီး၊ V7 ကို ဝယ်ယူမယ်ဆိုရင်တော့ ၃၂၉,၀၀၀ ကျပ်သာ ကျတော့ မှာပါ။ ဒါကြောင့် နှစ်သစ်မှာချစ်သူ၊ ခင်သူတွေကို နှစ်သစ်လက်ဆောင်အဖြစ် Vivo V7/ V7+ ဝယ်ပေးချင်သူတွေ အတွက် အခွင့်ကောင်းတစ်ခုပါပဲ။ အခုလို ငွေပြန်ပေးတဲ့ နှစ်သစ်ကူးအစီအစဉ်မှာတော့ V7/ V7+ နှစ်မျိုးသာ အကျုံးဝင်ပြီး တခြား Series တွေ ပါဝင်ခြင်းမရှိပါဘူး။

V7 နဲ့ V7+ ဟာ 24MP selfies camera တွေနဲ့ဖြစ်ပြီး FullViewTM Display တွေနဲ့ပါ။ V7+ ရဲ့ မျက်နှာပြင်အရွယ်အစားက 5.99’’ ဖြစ်ပြီး V7 ကတော့ မျက်နှာပြင် 5.7’’ ပါ။ နှစ်ခုစလုံးက Qualcomm Octa-coreProcessor (Snapdragon 450) တွေအသုံးပြုထားကြပြီး RAM 4GB ချင်းလည်းတူညီပါတယ်။ သိုလှောင်မှု ပိုင်းမှာတော့ V7+ က 64GB ဖြစ်ပြီး၊ V7 ကတော့ 32GB ပါ။ သိုလှောင်မှုပမာဏထပ်ပြီးတိုးချဲ့မယ်ဆိုရင်တော့ နှစ်ခုစလုံးက microSD Card နဲ့ 256GB အထိတိုးမြှင့်နိုင်ပါတယ်။ V7+ က 3225mAh ဘက်ထရီ ဖြစ်ပြီး V7 မှာတော့ 3000mAh ဘတ်ထရီပါဝင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top