ကမ္ဘာမှာ အလှပဆုံးအရာက မေတ္တာတရားပါတဲ့။ မေတ္တာ လွမ်းခြုံတဲ့ အခိုက်အတန့်တွေကို မြင်တွေ့ခံစားခွင့်ရသူတွေတိုင်း ကြည်နူးချမ်းမြေ့ရစေပါတယ်။ အမေရိကန်နိုင်ငံ မင်နီဆိုတာပြည်နယ်၊ ရိုချက်စတာမြို့မှ စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့ လူငယ်လေးတစ်ယောက်ဟာ အလုပ်ဆင်းခါနီး စက်ဘီး ပျောက်သွားလို့ အခက်ကြုံခဲ့ရတယ်။ သူ့အတွက် အိမ်ကို ဘယ်လို ပြန်ရမလဲ ပင်ပန်းကြီးစွာ စဉ်းစားနေချိန်မှာပဲ မမျှော်လင့်တဲ့ အခိုက်အတန့်တစ်ခု ရောက်လာခဲ့တယ်။
တင်မ်နီလာ စက်ဘီးပျောက်သွားတဲ့အကြောင်း သိသွားတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေက ချက်ချင်းဆိုသလိုပဲ စက်ဘီးအသစ်တစ်စီး ဝယ်ပေးပြီး သူ့ကို အံ့အားသင့်စေခဲ့တာပါ။ ဒီကောင်လေးအတွက်တော့ မယုံနိုင်စရာဖြစ်ရပ်ပါပဲ။ အံ့သြ ပျော်ရွှင်လွန်းလို့ မျက်ရည်တောင် ကျတဲ့အထိပါပဲ။
လူမှုကွန်ရက်ပေါ် တင်ထားတဲ့ ဒီဗီဒီယိုဟာ ကြည့်ရှုသူတွေကို ကြည်နူးချမ်းမြေ့စေခဲ့တယ်။ တချို့ကတော့ ဒီဗီဒီယိုကို ကြည့်လိုက်ရတော့မှ လူ့အဖွဲ့အစည်းထဲမှာ လူသားချင်းစာနာမှု၊ မေတ္တာတရား ရှိနေပါသေးလားဆိုတာ လက်ခံနိုင်တော့တယ်လို့ မှတ်ချက်ပေးကြပါတယ်။
Ref: Restaurant Owners Surprise Young Worker With New Bike After His Was Stolen
NZ ( ရိုးရာလေး)

