YouTube ချန်နယ်ကရတဲ့ ဝင်ငွေနဲ့ ဝယ်ထားတဲ့ ကားအပါအဝင် တန်ဖိုးကြီးကားတွေ စုဆောင်းထားတဲ့ ၁၅ နှစ်ကောင်လေး

16-6-2022-yyl05.jpg

အသက် ၁၅ နှစ် အရွယ် ဒေါ်နယ်လ် ဒိုဂျ်ဟာ ဆိုတဲ့ကောင်လေးဟာ သူ့ရဲ့ “Donlad” YouTube ချန်နယ်ကနေ လစဉ် ပေါင် ၂၀,၀၀၀ ရရှိပါတယ်။ သူက တရားဝင် ကားမောင်းနှင်နိုင်ဖို့ အသက်မပြည့်သေးပေမဲ့ တန်ဖိုးကြီးကားတွေ ဝယ်ယူစုဆောင်းထားပါတယ်။ အဲဒီကားတွေထဲမှာ YouTube က ရတဲ့ ဝင်ငွေနဲ့ ဝယ်ထားတဲ့ တန်ဖိုးကြီးကားလည်း အပါအဝင်ပါပဲ။

ဒေါ်နယ်လ်ရဲ့ တန်ဖိုးကြီးကားတွေထဲက တစ်စီးကတော့ The Bugatti Chiron 110 Ans ကားပါ။ ဒီကားကို YouTube က ရတဲ့ ဝင်ငွေနဲ့ဝယ်ထားတာပါ။ ဒီလိုကားမျိုးကို အစီးရေအနည်းငယ်သာ ထုတ်လုပ်ပါတယ်။ Bugatti ရဲ့ ၁၁၀ ပြည့်နှစ်မွေးနေ့ကို ဂုဏ်ပြုဖို့ အကန့်သတ်နဲ့ထုတ်ထားတာပါ။ ကားရဲ့တန်ဖိုးကတော့ ပေါင် ၃.၃ သန်းရှိပါတယ်။

ဒုတိယတစ်စီးကတော့ Ferrari La Ferrari ကားအမျိုးအစားဖြစ်ပါတယ်။ ကားကုမ္ပဏီတွေဖြစ်တဲ့ Porsche နဲ့ McLaren တို့ရဲ့အခြားအဆင့်မြင့်ကားတွေကို ယှဉ်ဖို့အတွက် ဒီကားကို ထုတ်လုပ်ခဲ့တာပါ။ ပိုမိုမြန်ဆန်စွာ သွားဖို့အတွက် လျှပ်စစ်မော်တာတွေကိုသာ အသုံးပြုထားပါတယ်။ ပေါင် ၁ သန်းတန်ကြေးရှိပါတယ်။

နောက်ထပ်တစ်စီးက ချမ်းသာတဲ့ ဖောက်သည်တွေအတွက် ဈေးကြီးတဲ့ကားတွေကို ထုတ်ပေးတဲ့ Pagani အီတလီကားကုမ္ပဏီရဲ့ Pagani Huayra Roadster ကားဖြစ်ပါတယ်။ ရွှေရောင်ဘီးတွေနဲ့ ခရမ်းရောင်ကားလေးပါ။ ဒီလိုကားမျိုးဝယ်မယ်ဆိုရင် ပေါင် ၂.၃ သန်းကုန်ကျမှာဖြစ်ပါတယ်။

ပေါင် ၁၅၀,၀၀၀ တန် McLaren 570S ကားတော့ ဒေါ်နယ်လ်အတွက် နေ့စဉ်အသုံးများတဲ့ကားပါ။ ဒီကားလေးကလည်း twin-turbo V8 အင်ဂျင်ပါတဲ့ ခရမ်းရောင်ပြိုင်ကားလေးပါပဲ။ နောက်ဆုံးတစ်စီးကတော့ Rolls-Royce Cullinan ကားပါ။ အဲဒီကားစပေါ်လာချိန်က မနှစ်သက်ကြပေမဲ့ အခုတော့ အတော်လေးလူကြိုက်များနေပါပြီ။ Cullinan ကားတစ်စီးအတွက် ဈေးနှုန်းက ပေါင် ၂၆၀,၀၀၀ ဝန်းကျင်လောက်ကစပါတယ်။

YouTuber တစ်ယောက်ဖြစ်တဲ့ ဒေါ်နယ်လ်က သူ့ရဲ့ “Donlad” ချန်နယ်ကို ၂၀၁၉ခုနှစ်မှာ စတင်ခဲ့တာပါ။ အခုဆို သူ့ရဲ့ YouTube ချန်နယ်မှာ Subscriber (၆) သိန်းရှိပါတယ်။ အင်စတာဂရမ်နဲ့ TikTok မှာ Follower ပိုများပါတယ်။ လူနေမှုဘဝ၊ အဝတ်အစား၊ နောက်ပြောင်တာနဲ့ ကားအကြောင်းစတဲ့ အမျိုးမျိုးသောဗီဒီယိုများစွာကို သူ့ရဲ့ YouTube မှာ တင်ပေးပါတယ်။

Ref: TheSun “YOUNG MONEY I’m 15 and here’s my £10million car collection including a Bugatti I bought with money from YouTube”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top