ရွန်နီကစားနေတဲ့ ဒါဘီအသင်းက ကစားသမားတွေကို လုပ်ခလစာ အချိန်မီပေးနိုင်ခြင်းမရှိ

333.jpg

မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီ ကစားနေတဲ့ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းဟာ သူတို့ရဲ့ကစားသမားတွေကို လုပ်ခလစာ အချိန်မီပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါဘီအသင်း ကစားသမားတွေဟာ နှစ်သစ်ကူးအကြိုနေ့မှာ လစာရရမှာဖြစ်ပေမဲ့ လစာထုတ်ပေးဖို့ အချိန်နည်းနည်းကြန့်ကြာမယ်လို့ ဒါဘီအသင်းက ကြေညာခဲ့ပါတယ်။ လုပ်ခလစာပေးဖို့ နှောင့်နှေးကြန့်ကြာရတဲ့ အကြောင်းရင်းတစ်ရပ်ကတော့ ဒါဘီအသင်းအနေနဲ့ ကမ်းလှမ်းထားတဲ့ ရင်းနှီးမြှုပ်နှံမှုစာချုပ်သစ်ကို အပြီးသတ်ချုပ်ဆိုရခြင်း မရှိသေးတာကြောင့်ပါပဲ။ ဒါဘီအသင်း ကစားသမားတွေကို ဇန်နဝါရီလ ၂ ရက်နေ့မှာ လစာပေးမယ်လို့ အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ရွန်နီကတော့ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ ပွဲကစားခွင့်ဆိုင်ရာ နိုင်ငံတကာအရှုပ်အရှင်း ကင်းရှင်းတဲ့ ထောက်ခံချက်ရရှိခဲ့ပြီဖြစ်လို့ ဘန်စလေနဲ့ ကစားရမယ့်ပွဲစဉ် လူစာရင်းမှာ ပါဝင်လာဖို့ ရှိနေပါတယ်။ ရွန်နီဟာ ဒါဘီအသင်းမှာ ကစားသမား/နည်းပြအနေနဲ့ ပါဝင်ဖို့ ပြီးခဲ့တဲ့သြဂုတ်လက ၁၈ လစာချုပ်ချုပ်ဆိုခဲ့သူပါ။ အဲဒီစာချုပ်အရ နှစ်ဦးနှစ်ဖက် သဘောတူရင် နောက်ထပ်တစ်နှစ် သက်တမ်းတိုးမယ်ဆိုတဲ့အချက် ပါဝင်နေပါတယ်။ ဒါဘီအသင်းပိုင်ရှင် မော်ရစ်ကတော့ ကစားသမားတွေကို လုပ်ခလစာ အချိန်မီ မပေးနိုင်ခဲ့တဲ့ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေပါတယ်။ မော်ရစ်ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလမှာ အသင်းကို ဝယ်ယူခဲ့ပြီးနောက်ပိုင်း ပေါင်သန်း ၁၀၀ ကျော် ရင်းနှီးမြှုပ်နှံခဲ့သူပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top