Love Untangled ဇာတ်ကားနဲ့ လူသိများတဲ့ မင်းသမီးချောလေးရဲ့ Dating သတင်းထွက်ရှိ

datw.jpg

ပြီးခဲ့တဲ့နှစ်ကထွက်ရှိခဲ့တဲ့ Netflix ရဲ့ ရိုမန့်ဟာသဇာတ်ကား Love Untangled မှာ ဆံပင်ကောက်ကောက်လေးနဲ့ ဇာတ်ဆောင်မင်းသမီးအဖြစ် လူသိများတဲ့ မင်းသမီးချောလေး ရှင်အန်ဆိုးဟာ အဆိုတော်မင်းသားချောလေး ယူဆွန်းဟိုနဲ့ တွဲနေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ဇန်နဝါရီ ၂၉ ရက်နေ့မှာ Newsen သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မင်းသမီးရှင်အန်ဆိုးရဲ့အေဂျင်စီ Management SOOP နဲ့ မင်းသားယူဆွန်းဟိုရဲ့အေဂျင်စီ Hiin Entertainment တို့ကလည်း ဒီသတင်းကို “သူတို့တွဲနေကြတာမှန်ပါတယ်”လို့ အတည်ပြုပေးခဲ့ပါတယ်။ ထွက်ရှိလာတဲ့သတင်းတွေအရ ၂၀၀၂ ခုနှစ်ဖွားဖြစ်တဲ့ သူတို့နှစ်ဦးဟာ ဒီဇင်ဘာမှာ အချင်းချင်းစပြီးတွေ့ခဲ့ကြတာပါ။ နှစ်ဦးလုံးရဲ့အပေါင်းအသင်းတွေ့ဆုံမှုကနေတဆင့် တွေ့ဆုံသိကျွမ်းခဲ့ကြပြီး နောက်ပိုင်းမှာ အချင်းချင်းစိတ်ဝင်စားလာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မင်းသမီး ရှင်အန်ဆိုးဟာ Love Untangled ဇာတ်ကားအပြင် Light Shop၊ Twinkling Watermelonစတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ မင်းသားယူဆွန်းဟိုကတော့ ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ Oh My Ghost Clients ဇာတ်လမ်းတွဲမှာ ပါဝင်ထားပြီး KBS2 ရုပ်သံလိုင်းရဲ့ “1 Night, 2 Days” ပရိုဂရမ်မှာ အဖွဲ့ဝင်အဖြစ်လည်း ပါဝင်ထားပါတယ်။

Ref: Rising actors Shin Eun Soo & Yu Seon Ho confirm they’re dating

WL (ရိုးရာလေး) 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top