အချင်းကတစ်ဆင့် သန္ဓေသားကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်စေနိုင်

10-7-2020-yyl-033.jpg

ကိုယ်ဝန်ဆောင်မိခင်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိရင် အချင်းကတစ်ဆင့် သန္ဓေသားကို ရောဂါကူးစက်စေနိုင်တယ်လို့ အီတလီနိုင်ငံရဲ့ လေ့လာမှုသစ်တစ်ရပ်မှာ ဖော်ပြထားပါတယ်။ COVID-19 ရောဂါပိုးရှိတဲ့ အမျိုးသမီးတွေကနေ မွေးဖွားလာတဲ့ ကလေး ၂ ယောက်မှာ မွေးမွေးချင်း ရောဂါပိုးရှိနေတာ တွေ့ရတယ်လို့ မီလန်တက္ကသိုလ်ရဲ့ သုတေသီ ဖီနီဇီယာနဲ့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အကြီးအကျယ် ကူးစက်ပျံ့နှံ့ခဲ့ချိန်က ကိုယ်ဝန်အရင့်အမာဖြစ်နေတဲ့ COVID-19 ရောဂါသည် ၃၁ ယောက်ကို သူတို့က လေ့လာခဲ့ပါတယ်။ သူတို့ဟာ ကိုယ်ဝန်သည်တွေ၊ မွေးကင်းစကလေးတွေ၊ အချင်း၊ ချက်ကြိုး၊ မိခင်ရဲ့မိန်းမကိုယ်က ထွက်တဲ့အရည်နဲ့ နို့ရည်တွေကို အသေးစိတ်စမ်းသပ်ခဲ့တာပါ။ ” အချင်း၊ ချက်ကြိုးရဲ့ သွေးရည်၊ မိန်းမကိုယ်နဲ့ နို့ရည်ထဲမှာ ဗိုင်းရပ်စ် တွေ့ရပါတယ်။

ဒါဟာ ကောင်းကောင်းမလေ့လာရသေးတဲ့ အ‌ကြောင်းအရာတစ်ခုအတွက် သတိထားသင့်တယ်ဆိုတာကို ပထမဆုံး အချက်ပေးခေါင်းလောင်းတီးလိုက်တာပါ”လို့ ဖီနီဇီယာက ပြောပါတယ်။ အမျိုးသမီးတွေက ကိုယ်ဝန်အရင့်အမာဖြစ်တော့မှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်ဆိုရင်တော့ ဗိုင်းရပ်စ်က ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်နိုင်ဖွယ်မရှိဘူးလို့ သူက ဆိုပါတယ်။ ဇီကာဗိုင်းရပ်စ်၊ HIV ဗိုင်းရပ်စ်တွေကလည်း ကိုယ်ဝန်ဆောင်မိခင်ဆီကတစ်ဆင့် သန္ဓေသားကို ကူးစက်စေနိုင်ပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top